zawgyi
Author's Note : အက်တာကရှည်လို့ အတိအကျမရေးတော့ဘူးနော်။ ပုံပြင်လေးတပုဒ်ကို အရင်ပြောပြမယ် ။
တစ်ခါတုန်းကပေါ့ကွယ် Indonesia ဆိုတဲ့ တိုင်းပြည် တစ်ခုမှာ Chinese novel တွေကို ဖတ်ရတာ အရမ်းကြိုက်တဲ့ကောင်မလေးတစ်ယောက်ရှိသတဲ့။ စာတွေဖတ်တာများလာတော့ အဲ့ဒီကောင်မလေးမှာ စာပေအာဟာရတွေပြည့်ဝလာတော့သတဲ့။ တစ်နေ့သူဟာ Three Lifetimes လို့ခေါ်တဲ့ Novel လေးတစ်ပုဒ်ကို ဖန်တီးလိုက်တယ်တဲ့ကွယ်။ အဲ့ဒီNovelလေးထဲမှာ သူဖတ်ဖူးသမျှ စာအုပ်တွေရဲ့အနှစ်သာရတွေ Wixia(ဝူရှ) xianxia(ရှန်းရှ) တွေထဲ က plot တွေ အကုန်လုံး ကိုရောလိုက်ပြီး အကောင်းဆုံး Novel တစ်ခုဖြစ်အောင် ဖန်တီးနိုင်ခဲ့တယ် ကွယ့်။ သူ့ရဲ့ storyလေးကိုဖတ်တဲ့သူတိုင်းကိုလည်း သူနဲ့ ထပ်တူ ပျော်ရွှင်မှုရစေချင်ပါတယ်တဲ့။ ပုံပြင်လေးကတော့ဒါပါပဲကွယ်။
__________________________________
*****************ပထမဆုံးအကြိမ် Jinကျင်းဆိုတဲ့စစ်နတ်ဘုရား ကို မြင်ခဲ့တဲ့အချိန်တုန်းက Jujuဟာ လောကစည်းကမ်းတွေကိုနားမလည်တဲ့ အသက် 50,000ကျော် မသေမျိုး မြေအောက်ကမ္ဘာသူ တစ်ယောက်ပဲ။ Jujuကမြေအောက် ကမ္ဘာ ဘုရင် ယန်ဝမ်ရဲ့ ခပ်အအ သမီးလေးတယောက်ပဲ။ Jujuအဖေက Jujuကို ပစ်ထားတာအတော် ကြာပြီ။
Jujuကိုငယ်ငယ်တည်းက ဝိဥာဉ်တွေနဲ့ ကစားဖို့ ယန်ဝမ် က ခွင့်ပြုထားတယ်။ ဒါကြောင့် Jujuက ဒီအထီးကျန်ဒေသမှာ ရှိတဲ့ မှင်စာတွေ နဲ့ ဝိဥာဏ်တွေ လေးစားပြီးကြောက်ရတဲ့ ထူးဆန်းတဲ့ အုပ်ချုပ်သူတယောက် ဖြစ်မှန်းမသိ ဖြစ်လာခဲ့တယ်။ မြေအောက်ကမ္ဘာဆိုတာ သေခြင်းတရားကြောင့်ရောက်လာတဲ့ လူတွေ နောက်တဖန်သေမျိုးဘဝကို ပြန်သွားရအောင် လုပ်ပေးနေတဲ့(သံသရာလည်စေတဲ့) နေရာတစ်ခုပဲ။ တစ်ခါတလေ Juju စပ်စုချင်လာတဲ့အချိန်ဆို ဝိဥာဉ်တွေနဲ့စကား သွားသွားပြောတယ်။ အဖွားမုံ့ရဲ့ မေ့လျော့ခြင်း စွပ်ပြုတ်ကိုသောက်ဖို့သူတို့ တန်းစီရင်း စောင့်နေကျတဲ့ အချိန်ဆို သူတို့ဆီကနေ သေမျိုးနယ်ပယ် က သတင်းစုံကိုသိရတယ်။
ဒါတွေကြောင့် ငယ်ရွယ်နုနယ်တဲ့ ကလေးဘဝ တည်းကနေ Jujuက အတော်စပ်စုပြီး အတင်းပြောတတ်တဲ့ သူတစ်ယောက်ဖြစ်ခဲ့တယ်။
VOCÊ ESTÁ LENDO
Three Lifetimes ( သုံးဘဝသက်တမ်း)
RomanceThis is an own creation novel of author Alzzeid (Kerbasi). Original title is "Three Lifetimes". I hope you guys support the original source. You can find this as comic on tapas. #Got permission to translate from original author. Credit to origin...