Part 2 အခွင့်အရေးတစ်ခု

951 140 25
                                    

Zawgyi

Rossica614DaviLady rossica၏ Adviceအတိုင်း ***ငါ ***ဟူသောအသုံးနှုံးနေရာတွင်***Juju***ဟု ပြင်ဆင်ထားသည်။ from beginning

အစကနေပြန်ဖတ်ကြည့်ကျပါနော်။ ဖတ်ရတာပိုအဆင်ပြေတယ်(ကိုယ့်အထင်)
Jujuလေးကိုပိုချစ်စရာကောင်းတယ်လို့မြင်လာရတယ်။

"ဦးဦး ဦးဦး Jujuတစ်ခုလောက်မေးလို့ရလား ဟင်" ရိုရိုကျိုးကျိုးနဲ့ Jujuတောင်းဆိုလိုက်တယ်။ အမေကတော့ သူ့ နန်းဆောင်ဝန်းထဲမှာပဲနေခဲ့ပြီ။ Jujuနဲ့ဦးဦးက နန်းတော်ထဲမှာ လမ်းပတ်လျှောက်နေတာ ဦးဦးရဲ့အစေခံတွေနဲ့ သူ့အကြံပေးက Jujuတို့နောက်ကနေ တသီတတန်းကြီးလိုက်နေကြတယ်။

"ဘာမေးမလို့လဲ Jujuလေး" ဦးဦးကညင်ညင်သာသာလေးမေးလိုက်တယ်။

မျက်နှာတစ်ခုလုံးနီရဲပြီးပူထူလာတယ်။ အတော်လးရှက်စရာကောင်းပေမယ့်လည်း Juရဲ့ ဒီအချစ်ရောဂါက အတော်လေးရင့်နေပြီ Juကိုကူညီပေးမယ့်သူတကယ်လိုအပ်နေတာ။

"ဂျုဂျု ကျင်းလိန်နဲ့အတူဒီစမ်းသပ်ချက်တွေကိုကျော်ဖြတ်ချင်ပါတယ်။" Juခေါင်းငုံ့ပြီးပြောလိုက်တယ် မျက်နှာပေါ်မှာလဲချွေးတွေစီးကျလာတယ်။စိတ်လှုပ်ရှားလွန်းနေသူ)

"အမ်..."ဦးဦးကJuကို ဘယ်လိုပါလိမ့်ဆိုတဲ့အကြည့်နဲ့ကြည့်နေတယ်။ နောက်တော့ သဘောပေါက်သွားတဲ့အကြည့်ကိုပြောင်းသွားတာကိုမြင်လိုက်ရတယ်။

"ဦးဦး ခွင့်ပြုပေးပါနော်" Jujuအရမ်းအရေးကြီးတဲ့ပုံစံလေးနဲ့ပြောလိုက်တယ်။

"ကောင်းပြီလေ။ ဒီစမ်းသပ်ချက်တွေကကျင်းလိန်အတွက်ဘယ်လောက်ခက်ခဲမလဲဆိုတာ Jujuလေးသိပြီးလောက်မှာပါ. ဟုတ်တယ်ဟုတ်? ဒီသုံးဘဝစမ်းသပ်ချက်မှာ နတ်အစွမ်းတစ်ခုလေးတောင်မရှိတဲ့သာမာန်လူသားအဖြစ်နဲ့သာနေရမှာ။ဦးဦးကိုယ်တိုင်တောင် သူဖြတ်ကျော်ရမယ့်လူသားဘဝစမ်းသပ်ချက်ကို မဖြတ်ကျော်ဝံ့ဘူး ။ တော်တော်လေးကိုမလွယ်ကူမယ့်ကိစ္စပဲ။ အကယ်၍ကျင်းလိန်သာမဖြတ်ကျော်နိုင်ပဲ ကျရှုံးခဲ့မယ်ဆိုရင် ရလာဒ်က အတော်လေးကိုဆိုးရွားလိမ့်မယ်။

Juရဲ့မျက်နှာနည်းနည်းလေးတော့ဖျော့တော့သွားတယ်။ "Jujuသူ့ကိုကူညီပေးနိုင်သလောက်ကူညီချင်တာပါ။ သူ့ကိုဟန့်တားချင်တာမဟုတ်ရပါဘူး။"

Three Lifetimes ( သုံးဘဝသက်တမ်း) Waar verhalen tot leven komen. Ontdek het nu