ဖျော်​ရည်​များနှင့်​သာကူပြုတ်​နည်းများ

396 4 0
                                    

အသီး Smoothie

ပါဝင်​ပစ္စည်း

အသီး တစ်​ခွက်​စာ
သကြားရည်​ 40ml
ဘူးနို့ဆီ ထမင်းစားဇွန်း 1.5 ဇွန်း
နို့မှုန့်​ 0% 3 ဇွန်း
ရေခဲအမှုန်​ ၁ ခွက်​စာ

စက်​ဖြင့်​​ဖျော်​ပါ။

Smoothie ​ဖျော်​ရန်​အတွက်​ အသီးများကို
ရေခဲ​သေတ္တာ လုံးဝ အခဲခန်းထဲတွင်​ အနည်းဆုံး
အချိန်​ ၃ နာရီ ခန့်​ထားပါ။

ရေခဲမုန့်​ နှင့်​ ဆက်​စပ်​ပစ္စည်း

KT 095105010
09965105010

မိုးသီး အမြန်​ပြုတ်​နည်း ( သာကူ​စေ့အကြီး )

ရေ​နွေး ပွက်​ပွက်​ဆူ ​အောင်​ကျိုပါ။
မိုးသီးထည့်​ပြုတ်​ပါ။ ၂၅ မိနစ်​ပြည့်​လျှင်
မီးဖို​ပေါ်မှချပါ။ရေ​နွေး​စောင်းသွန်​ပါ။
(သို့) ဇကာနှင့်​စစ်​ပါ။ရေ​အေးများများ​လောင်း
ထည့်​ပါ။ရေပြန်​​ဆေးပါ။ ​ရေ​နွေး ပွက်​ပွက်​ဆူ 
နေ​သော အိုးထဲသို့ပြန်​၍ ထည့်​ပြုတ်​ပါ။ ပထမနည်းအတိုင်း ​နောက်​ထပ်​၂ ကြိမ်​ခန့်​ပြုလုပ်​​ပေးပါ။
ပေါင်း၃ခါ ။ အဖြူ ဆံပျောက်​သွားသည်​အထိ ။

မိုးသီး အ​နှေး ပြုတ်​နည်း ( သာကူ​စေ့အကြီး )

ရေ​နွေး ပွက်​ပွက်​ဆူ ​အောင်​ကျိုပါ။
မိုးသီးထည့်​ပြုတ်​ပါ။ ၅ မိနစ်​ပြည့်​လျှင်​ မီးပိတ်​ပါ။
အဖုံးပိတ်​၍ တစ်​ညသိပ်​ပါ။ မနက်​မိုးလင်းမှ
ရေပြန်​စစ်​ပါ။ရေ​နွေးပွက်​ပွက်​ဆူ​သေိာုးထဲသို့ ပြန်​ထည့်​ပြုတ်​ပါ။မိနစ်​ ၂၀ ပြည့်​လျှင်​ ​မီးဖို​ပေါ်မှချ ။ရေ​နွေး​လောင်းသွန်​​ရေ​အေးနှင့်​​လောင်းပါ။

သာကူပြုတ်​နည်း

ရေ​နွေး ပွက်​ပွက်​ဆူ ​အောင်​ကျိုပါ။
သာကူ​စေ့ထည့်​ပြုတ်​ပါမိနစ်​ ၂၀ ပြည့်​လျှင်
မီးဖို​ပေါ်မှချပါ။ ​ရေ​နွေး​စောင်းသွန်​ပါ။
ရေ​အေးများများ​လောင်းထည့်​ပါ။ ​ရေပြန်​စစ်​ပါ။

မျှော့​ချောင်းပြုတ်​နည်း

ရေ​နွေး ပွက်​ပွက်​ဆူ ​အောင်​ကျိုပါ။
မျှော့​ချောင်းထည့်​ပြုတ်​ပါ။ ၈ မိနစ်​ပြည့်​လျှင်
မီးပိတ်​ အဖုံးပိတ်​၍ သူ့အပူချိန်​အတိုင်း ၁၀ မိနစ်​တိတိထား​ပေးပါ။ ​ရေ​နွေး​စောင်းသွန်​ပါ။ 
ရေ​အေးများများ​လောင်းထည့်​ပါ။ ​ရေပြန်​စစ်​ပါ။

ထားသိုနည်း ( မိုးသီး ၊ သာကူ ၊ ​မျှော့​ချောင်း )

မိုးသီး ၊ သာကူ ၊ ​မျှော့​ချောင်း သုံးမျိုးစလုံးကို
သကြားရည်​ စပ်​စပ်​​လေးထည့်​ပြီးထားပါ။
၂ ​ရက်​ပြည့်​ ၍မကုန်​လျှင်​​ရေသန့်​သန့်​နှင့်​​ဆေး
သကြားရည်​ စပ်​စပ်​ပြန်​ထည့်​ပြီး သိမ်းထားနိုင်​။
မျှော့​ချောင်းများကို သူ့အ​ရောင်​နှင့်​သူ ခွဲ၍
သကြားရည်​စိမ်​ထားပါ။

USA အသီး Smoothie

အသီး တစ်​ခွက်​စာ
သံပုရာသီး တစ်​လုံး တစ်​ခြမ်း
သကြားရည်​ 60 ml
ဆား အနည်းငယ်
ရေခဲအမှုန်​ ၁ခွက်​စာ

MicoTeaLove ( ချစ်​သူနှင်းဆီ )

မုန့်​လုပ်​နည်းများDonde viven las historias. Descúbrelo ahora