Unicode 👇🏻
" Check! "
ကျွန်တော့်အဖွား၏ တက်ကြွနေသော ရယ်သံသည် ကျွန်တော့်၏ Kingကို ပိုင်ပိုင်နိုင်နိုင် ချောင်ပိတ်ဖမ်းလိုက်ပြီဖြစ်ကြောင်း မသိမသာ ကြွားဝါနေသည်။
Chessထိုးရာတွင် ရှုံးသည့်သူက ပန်းကန်ဆေးကြေးဖြင့် အလောင်းအစားလုပ်ထား၍ အနိုင်ရတော့မည်ဟု တွက်ဆမိနေသော အဖွားသည် ကျေနပ်နေပုံပေါ်သည်။
ကျွန်တော် တစ်ချက်ပြုံး၍ အဖွားမထင်မှတ်ထားသည့် အကွက်ကို Queenကို ရွှေ့လိုက်သည်။
" Checking you back! "
မျက်စိမှုန်စပြုနေသည့် အဖွားကို အခွင့်ကောင်းယူ၍ အဖွားသတိမထားမိသည့်အချိန်တွင် Queenကို ထိုးကျွေးကာ နှစ်ပေါက်တစ်ပေါက်ရိုက်လိုက်သည်။
ကျွန်တော့်မျက်နှာချင်းဆိုင်တွင် ထိုင်နေသည့်အဖွားမှာ အကျပ်ရိုက်သွားပုံဖြင့် နှုတ်ခမ်းလေးကို စုချွန်လိုက်လေသည်။
" ဒီအကွက်ကို ငါမမြင်မိပါဘူး။
နေဦး။ဘယ်လိုလုပ်သင့်လဲဆိုတော့... "
ခပ်တိုးတိုးရေရွတ်ကာ စဉ်းစားနေသော အဖွားသည် အမှန်တကယ်ပင် ပန်းကန်ဆေးရမည်ကို ကြောက်နေပုံပေါ်သည်။
" ကဲ၊ အဖွား။ ကျွန်တော်ပန်းကန်တွေ သွားရွှေ့ထားရတော့မလား။ "
မထိတထိပြောရင်း အဖွားကိုစလိုက်သောအခါ အဖွားသည် အရှုံးမခံနိုင်သေးသည့်ပုံဖြင့် စဉ်းစားကာ ပြောသည်။
" မင်းဉာဏ်ကောင်းတာ ငါသိပါတယ်။
ဒါပေမယ့် ငါမျက်စိမကောင်းဘူးဆိုတာ သိရဲ့သားနဲ့။
ငါ့ကို အခွင့်အရေးလေးပေးသင့်တယ် မထင်ဘူးလား။ "
ကျွန်တော်ရယ်လိုက်သည်။
" အဖွားတစ်ခုခုကို ရွှေ့လိုက်ပါ။
လွတ်လမ်းရှိရင် ရှိမှာပေါ့။
အဖွားမြင်းလေးကို ရှေ့ပို့လိုက်လေ။ "
အဖွားသည် မြင်းလေးတွေကို ချစ်သည်။ မြင်းစီးရတာ သူမ၏ အကြိုက်ဆုံးဝါသနာ ဟုပြောလေ့ရှိသည်။
YOU ARE READING
The N in my Brain
RomanceA famous New Yorker named Evan meets a brainy Korean called Noel. * This is just a work of fiction during this shitty crisis -.- EvanxNoel (အီဗန်xနိုဝဲလ်)