DAY 1

6.7K 604 42
                                    

[ ZawGyi ]

ကမ်း​ခြေ၏ရာသီဥတုမှာသာယာလှပ၍​ကောင်းကင်​​ရောင်​သည်​အပြာ​ရောင်​​တောက်​​နေ၏။
ကောင်းကင်​ကြီးကအပြာ​ရောင်​ဖြစ်​သလိုကျောက်​အိမ်​​လေး​တွေကလည်းအဖြူ ​ရောင်​မို့မြင်​မြင်​သမျှအဖြူ နှင့်​အပြာနု​ရောင်​သာလွှမ်း​နေသည်​။
"PORTO MYKONOS HOTEL"ဟု​ရေးထွင်းထား​သော​ကျောက်မုခ်​ဝဖြူ ​ဖွေး​ဖွေးဆီ​​ကျောက်​​လှေကားက​နေတဆင့်​တတ်​လာခဲ့ကြသည်​။အောက်​တွင်​မြင်​​နေရ​သော​ရေပြင်​ပြာပြာနှင့်​​ကျောက်​အိမ်​​ဖြူ ​သေး​သေး​လေး​တွေ။နေအလင်း​ရောင်​​ကိုအပြည့်​အဝရ​သော်​ညား​လေ​အေး​အေးတိုက်​ခတ်​​နေသည်​မို့ပူ​လောင်​မှုကိုမခံစားရ။မုခ်​ဦး​ဘေးတွင်​စီချထား​သော​စဉ့်​အိုး​တွေကိုအထူးအဆန်းကြည့်​​နေ​သောjiminကိုဆွဲ​ခေါ်ရင်းပင်​လယ်​နှင့်​ဟိုးအ​နောက်​က​တောင်​​တန်းကိုမြင်​ရမယ့်​​နေရာတွင်​ရပ်​​စေလိုက်​သည်​။ကင်​မရာကိုအိတ်​ထဲမှထုတ်​လိုက်​သည်​နှင့်jiminမှာအလိုလိုpost​ပေးပြီးသားပင်​။မဟူရာဆံနွယ်​​ပျော့များက​လေထဲတွင်​လွင့်​ချင်​တိုင်းလွင့်​​နေ​​သော်​လဲအဖြူ ​ရောင်​Shirtအင်္ကျီကြီးကပိုကရိုနဲ့jiminမှာသိပ်​ချစ်​ဖို့​ကောင်း​နေသည်​။ဆွတ်​ဆွတ်​ဖြူ ​သောအသားအရည်လေးမှာ​နေ၏ဒဏ်​ကိုမခံနိုင်​စွာမက်​မွန်​သီးလေးနှစ်​လုံးကိုပါးမို့ထပ်​တင်​ထားသလိုရဲရဲက​လေးဖြစ်​ကာ​နေသည်​။

"ကူကူးအောက်​ကိုကြည့်​..အရမ်းလှတယ်​"

ကြည်​ပြာ​ရောင်​​ရေများနှင့်​ဖြူ လွှလွှသဲပြင်​ထိစပ်​​နေ​သောဆိပ်​ကမ်း၊​နေပူစာလှုံ​နေကြ​သောလူများနှင့်​ပင်​လယ်​ထဲပြန်​လည်​တိုးဝင်​​ထွက်​ခွာ​နေသည့်​သ​င်္ဘောကြီး...။အရာအားလုံးဟာမျက်​လုံးထဲဆန်းသစ်​​နေသလိုSeoulနှင့်​အ​တော်​ပင်​ကွာခြားလှသည်​။
ကျောပြင်​ကျဉ်းကျဉ်း​လေးကိုရင်​ခွင်​ထဲထည့်​ဖက်​ကာဆံနွယ်​မျှင်​​လေး​တွေကပ်​​နေ​သော​ချွေးစို့​နေတဲ့နားထင်​​လေးကိုအနမ်း​ချွေလိုက်​သည်​။

"အခန်းထဲသွားကြစို့"
(😜😂)

---

ည​နေ​စောင်းရဲ့​ဝါ​ဖျော့​ဖျော့နေ​ရောင်​ခြည်​ဟာMykonosတစ်​ကျွန်းလုံးကို​လွှမ်းခြုံထားသည်​။နီဝါ​ရောင်​​နေလုံးဟာအ​ဝေးကကတ်​သလစ်​ဘု​ရား​ကျောင်းဖြူ ဖြူ ရဲ့​အပြာနု​ရောင်​​ခေါင်​မိုး​​ပေါ်​မှေးစက်​​နေ​ပြီး​အလယ်​​ခေတ်​ရဲ့​​ရှေး​​ခေတ်​လူ​နေမှုကိုထင်​ဟပ်​​နေ​စေသည်​။မှောင်​ရီပျိုး​နေတဲ့အိပ်​ခန်းထဲလိုက်​ကာပါး​တွေကလေလာရာအတိုင်းဟိုဟိုဒီဒီ​ယိမ်းနွဲ့​ကခုန်​​နေကြသည်​။
နှစ်​နှစ်​ခြိုက်​ခြိုက်​အိပ်​​ပျော်​သွား​သော​ကောင်​​လေးနှစ်​​ယောက်​၏ပုံရိပ်​လွှာ...။နှစ်​ဦးလုံးအဝတ်​ကင်း​သောအ​နေအထားနှင့်​​​​စောင်​ဖြူ ဖြူ ​အောက်​​ခြေ​​ထောက်​နဲ့လက်​များကယှက်​နွယ်​လျက်​။
jungkookမျက်​ဝန်း​တွေဖြည်းညင်းစွာပွင့်​လာသည်​။ရင်​ခွင်​ထဲ​မှေးစက်​​နေ​သောချစ်​ရသူ၏နှဖူးကိုအနမ်း​ခြွေပြီးကုတင်​​ဘေးတွင်​အပုံလိုက်​ပျံ့ကျဲနေ​တဲ့အဝတ်​အစား​တွေထဲကမှ​ဘောင်းဘီကိုလျှိကာဝရန်​တာဆီ​လျှောက်​သွားလိုက်​သည်​။

OUR LOVE PARADISE [COMPLETED]Место, где живут истории. Откройте их для себя