[ ZawGyi ]
အဖြူ ရောင်ဆေးချွတ်ထားတဲ့ ကျောက်လှေကားထစ်တွေကနေ ကျနော်ဆင်းလာခဲ့သည် ။ အောက်ဆုံးအထစ်မှာ ခြေလှမ်းတွေရပ်တန့်လိုက်ပြီး
Truckကားပိုင်ရှင်နှင့်စကားပြောနေသော ကူးကိုလှမ်းကြည့်နေလိုက်သည် ။ ခါးတစ်ဖက်ထောက်ကာ မျက်ခုံးတွေကိုကျုံ့ရင်းစကားပြောနေပုံမှာ အသက်နှစ်ဆယ့်ငါးနှစ်အရွယ် ယောကျာ်း၏ တည်ငြိမ်ရင့်ကျက်ခြင်းတွေကိုတွေ့နေရသည် ။ လမ်းဘေးဘက်တွင်ရှိနေသော ပင်လယ်ကြီးမှာလဲ့ပြာနေပြီး ဆိပ်ကမ်းတစ်ခုလုံး၏အလှကို သိမ်းကြုံးယူထားသည် ။ မနက်ခင်းနေရောင်ခြည်မှာလဲ တစ်ကိုယ်လုံးကို နွေးထွေးစွာထွေးပွေ့ထားသည် ။ ချွေးပြိုက်ပြိုက်ကျအောင် မပူသည်မို့Mykonos ရဲ့ရာသီဥတုကို ကျနော်နှစ်သက်မိသည် ။
jungkookကကားနားကနေ ကျနော်ရပ်နေတဲ့ဘက်ဆီကို ကူးလာခဲ့သည် ။ သူလုပ်သမျှလိုက်ကြည့်နေသောကျနော့်ကို ပြုံးပြရင်း
" မပြန်ခင် ကားလျှောက်မောင်းမလို့ ကားငှားလိုက်တာ "
"လိုချင်တဲ့ဈေးရောရရဲ့လား "
" နဲနဲတော့ ဈေးများတယ်...ဒါမဲ့ကားကတစ်နေ့လုံးစာငှားပေးတာဆိုတော့ အဆင်ပြေပါတယ် "
အခန်းပြန်ကာအင်္ကျီအဝတ်အစားလဲနေရင်း အိပ်ရာပေါ်မှ စောင်တွေ၊ ခေါင်းအုံးတွေမနေသောသူ့ကိုကြည့်ကာ
" ကူး ...? အဲဒါဘာလုပ်နေတာလဲ ?? "
အပြာနုရောင်ခေါင်းအုံးတွေ နဲ့ စောင်တစ်ထည်ကိုမနိုင်မနင်းတွေမထားသော jungkookieပုံစံက ရယ်ချင်စရာ ။ အနားသွားကာ ခေါင်းအုံးတစ်ချို့ကို ကူမပေးမယ်ဆိုတော့လဲမရ ။
"ji က ကိုယ့်ကင်မရာအိတ်သယ်လာခဲ့..ဒါတွေကို Truck ကားနောက်မှာထည့်မလို့ "
"အဲ့ဟာတွေက ဟိုတယ်ကဟာတွေမဟုတ်ဘူးလား...ကူး ငါတို့ ရဲဖမ်းခံရလိမ့်မယ်နော် "

ESTÁS LEYENDO
OUR LOVE PARADISE [COMPLETED]
Romance[ ZawGyi ] ချစ်လှစွာသောကလေးအတွက်JEONရဲ့honeymoon [ Unicode ] ချစ်လှစွာသောကလေးအတွက်JEONရဲ့honeymoon #Kookmin #Gay marriage