First Love →Last Love

4.6K 507 38
                                    

[ ZawGyi ]

Seoulရဲ့အခမ်းနားဆုံးဖက်​ရှင်​ရှိုးပွဲကြီးကညဉ့်​ဦးယံကိုစတင်​ဖွင့်​လှစ်​ခဲ့သည်​။ကမ္ဘာအရပ်​ရပ်​က​ကျော်​ကြား​သောdesignerများစွာ၊နာမည်​ကြီး​model​များစွာတတ်​​ရောက်​​သောအကြီးမားဆုံးဖက်​ရှင်​ပွဲ​တော်​တစ်​ခုပင်​ဖြစ်​သည်​။

Jeon collectionမှအသစ်​ထုတ်​လိုက်​​သော​ယောကျာ်း၊မိန်းမဝတ်​brandတစ်​မျိုးကိုမိတ်​ဆတ်​​သောအခမ်းအနားဖြစ်​သလိုယခုနှစ်​အတွင်း(​trendဖြစ်​​နေသည့်​designများကိုပြသမည်​ဖြစ်​သည်​။တောင်​ကိုရီးယားတွင်​သာမကအာရှတွင်​ပါသြဇာ​ညောင်း​သောစီးပွား​ရေးလုပ်​ငန်းစုတစ်​ခုဖြစ်​သည်​မို့Jeon group၏နှစ်​စဉ်​လုပ်​​နေကျဤrunway၌​လျှောက်​လှမ်းချင်​သူများလှသည်​။များပြား​ပေမဲ့ထိုrunwayထပ်​တွင်​အမှန်​တကယ်​​လျှောက်​လှမ်းနိုင်​သူမှာ​​တော့ရှား​သည်​။ပြောင်​လက်​​နေ​သောအဖြူ ​ရောင်​သလင်းကြမ်းပြင်​​ထပ်​ထိုင်​ခုံများချထားပြီးထိုထိုင်​ခုံများ၏အလယ်​တွင်​​modelsများဖြတ်​​လျှောက်​ရန်​​​​နေရာလွတ်​ထားထားသည်​။အမိုးနှင့်​​ဘေးပတ်​ပတ်​လည်​နံရံ​လေးဖက်​ကိုအနက်​​ရောင်​ခပ်​မှိုင်းမှိုင်းသုံးထားသည်​​ကြောင့်​ခန်းမကျယ်​မှာရိုးရှင်း​ပေမဲ့ဆန်းကျယ်​သစ်​လွင်​​နေသည်​။အနောက်​ဖက်​တွင်​​တော့ပျားပန်းခတ်​လှုပ်​ရှား​နေ​သောstylistများနဲ့makeup artistများစွာကသူတို့ရဲ့modelsများကိုအလှဆုံးဖြစ်​​အောင်​ပြင်​ဆင်​​ပေး​နေကြသည်​။

မှန်​တင်​ခုံထပ်​တွင်​ရာချီ​နေ​သောမိတ်​ကပ်​ပစ္စည်း​ပေါင်းများစွာနှင့်​makeup nunaလက်​ထဲမျက်​နှာအပ်​ထားရ​သောကျ​နော်​...။ဘူး​ပေါင်းများစွာထဲတွင်​ထည့်​ထား​သောစိန်​၊​ကျောက်​၊ပတ္တမြားများကိုကြည့်​ရင်းနှာ​ခေါင်းရှုံလိုက်​မိသည်​။

"ကျ​နော်​အဲဒါကြီး​တွေမဝတ်​နိုင်​ဘူး​နော်​...​လေးက​လေးနဲ့"

"Jiminအတွက်​နားကပ်​ပဲဝတ်​​ပေးဖို့​ပြောထားပါတယ်​​...စိတ်​ပူမ​နေနဲ့"

နာမည်​ကြီးသည့်​modelတစ်​​ယောက်​ဖြစ်​သည့်​အတွက်​ကိုယ်​မလုပ်​ချင်​သည့်​အရာတစ်​ချို့ကိုငြင်းခွင့်​ရသည်​ဟုnunaက​ပြောဖူးသည်​။ကိုယ်​ကိုတိုင်​နာမည်​ကြီးမှန်း​သေချာမသိ​ပေမဲ့မဖြစ်​မ​နေလုပ်​ရ
မည့်​အရာများမှလွဲ၍တချို့အရာများကိုငြင်းနိုင်​သည့်​အ​နေအထားတွင်​ရှိမှန်း​တော့ကျ​နော့်​ကိုကျ​နော်​သိသည်​။

OUR LOVE PARADISE [COMPLETED]Où les histoires vivent. Découvrez maintenant