DAY 2

4.1K 473 37
                                        

[ ZawGyi ]

ကျ​နော့်​ချစ်​ရသူဟာ

ကျ​နော့်​ကိုရယ်​စရာအပြုအမူ​တွေ မရှက်​မရွံ လုပ်​ပြ​စေချင်​​လောက်​​အောင်

လှပတဲ့ရယ်​သံ​တွေပိုင်​ဆိုင်​သည်​။

~~~

" Kalispera ! " ( Good evening )

နွေး​ထွေး​ဖော်​​ရွေ​သော ဝန်​ထမ်း​တွေရဲ့အသံက ဆိုင်​ထဲလှမ်းဝင်​,ဝင်​ချင်းမှာပင်​ တတ်​ကြွစွာကြိုဆိုသည်​။ လက်​ဝတ်​ရတနာဆိုင်​​လေးမှာ ကျဉ်း​ပေမဲ့ လက်​ရာ​တွေက​​တော့အ​တော်​​လေးလှပ​လေသည်​။

ကျောက်​မျက်​အရိုင်းတုံးများကို ​​ရွှေ၊ပလက်​တီနမ်​တို့ဖြင့်​ အနုစိတ်​လက်​ရာ​မြောက်​စွာ ​ပုံ​ဖော်​ထား​သော လက်​စွပ်​များကိုကြည့်​ရင်း လက်​ထပ်​ပြီးတစ်​နှစ်​ပြည့်​ကျ jimin ကိုလက်​​ဆောင်​​ပေးရင်​​​ကောင်းမလားဟုစဉ်းစားမိသည်​။နှစ်​​ယောက်​သား လက်​ရှိဝတ်​ထား​သော ပလက်​တီနမ်​လက်​စွပ်​မှာ မည်​သည့်​​ကျောက်​မှမပါပဲ ရိုးရှင်းစွာပင်​။

"ဒါ​လေးလှတယ်​​နော်​ ကူကူး .."

Morganite ​ကျောက်​ဟု ကျ​နော်​တို့အားလိုက်​လံပြသ​ပေး​သော ဆိုင်​ဝန်​ထမ်းမ​လေးက​ပြောသည်​။

ဖောက်​ထွင်းမြင်​​နေရ​သောတလက်​လက်​​တောက်​ပ​နေသည့်​ ပန်း​ဖျော့​ရောင်​​ကျောက်​​လေးကို ​ရွှေ​ရောင်​သစ်​ခက်​လေးများက ရံထားသည်​။

jimin လက်​​​သေး​သေး​လေးနဲ့ဆိုသိပ်​လိုက်​မှာပဲ...

"Ji လိုချင်​ရင်​ယူ​လေ "

"အင်း...jeonကိုလဲတစ်​ခုဝယ်​​ပေးမယ်​ ကြိုက်​တာယူ "

"ji ​ပေးမှာ​ပေါ့ ?? "

"အင်းပါဆို....တစ်​မျိုးပဲ​ယူရမှာနော်​ ! "

"ဟုတ်​ပါပီ ကိုယ့်​ကပ်​စီးနဲလေးရယ်​ "

ကပ်​စီးနဲ​လေးကသူဝယ်​​ပေး​သော ပလက်​တီနမ်​နားကွင်းကို ဆိုင်​အထွက်​မှာပင်​ ကျ​နော့်​နားထပ်​ဝတ်​​ပေးသည်​ ။ မမှီမကန်း​ခြေဖျား​ထောက်​​နေရသည်​မို့ ခါးက​နေ​ကိုင်​ကာ ပင့်​​မြှောက်​​ပေး​တော့
မျက်​နှာ​လေးရဲကာ ကျ​နော့်​ကိုထုရိုက်​​နေသည်​။

OUR LOVE PARADISE [COMPLETED]Donde viven las historias. Descúbrelo ahora