ပတ်ဝန်းကျင်က လူတွေကပြောကြတယ် ~
ကိုယ့်ရဲ့ ဖြစ်တည်မှုကိုတောင်မသိတဲ့ မင်းအတွက် ပေးဆပ်နေတာတွေက အချစ်မဟုတ်ဘူး ~
ရူးသွပ်ခြင်းကို ခေါင်းစဉ်လှလှတပ်ထားတာတဲ့ ~
သူတို့မသိတာက သူတို့ရဲ့ စကားတွေကို ကိုယ်က နည်းနည်းလေးမှတောင် သောက်ဂရုမစိုက်တာပဲ ~ကိုယ့်ရဲ့ အရာအားလုံးပေးဆပ်ပြီး မင်းကိုချစ်နေရတာ ကိုယ်ပျော်တယ် ~
အဲ့တော့ ကိုယ့်ရဲ့ ပျော်ရွှင်မှုဖြစ်တဲ့ မင်းကိုပဲ ဂရုစိုက်လိုက်တယ် ~