ဝေး​နေပါ​သော်​လဲ

655 32 0
                                    

HunHan....

One Shot

...........

အစကတည်းကမ​တွေ့ဖြစ်​ခဲ့ပါလျှင်​....
ဒီလိုနာပြင်​ဖွယ်​ရာအတိတ်​ဆိုသည့်​အရိမ်​မည်းကြီးသည်​လဲ......သူ့အတွက်​အနာဂတ်​အထိလိုက်​ပါမလာနိုင်​ပါ​ချေ.......

ဖြစ်​နိုင်​ပါလျှင်​ လွန်​ခဲ့​သော ၆နှစ်​ခန့်​ဆီသို့အချိန်​နာရီများ​ရွေ့လိုက်​ချင်​မိသည်​.....

သူသည်​...ကျွန်​​တော်​အတွက်​အမြဲအလိုလိုမျက်​ရည်​များကျစရာမလို.....

သူသည်​ကျွန်​​တော်​အတွက်​...နှလုံးသား​တစ်​ခုလုံးစုတ်​ပြတ်​သက်​သွားသည့်​အထိခံစားစရာမလို......

ကျွန်​​တော်​ဆိုသည်​လူတစ်​​ယောက်​အတွက်​နှင့်​ရူးရူးမိုက်​မိုက်​ကျွန်​​တော်​​နောက်​ကိုယုံကြည်​စွာလိုက်​ခဲ့သည့်​သူ​လေးသည်​......

အချစ်​ကြိီးသလိုအမြတ်​လဲကြီးသွားပါ​တော့​ချေပြီ.......

ကျွန်​​တော်​ဘက်​က​တောင်းပန်​စရာမလို​အောင်​ကိုခွင့်​လွှတ်​နားလည်​​ပေးတက်​သည့်​သူ....

အခု​တော့အမုန်းကြီးမုန်း​နေ​ချေပြီ.....

ကျွန်​​တော်​ဘက်​ကထွက်​သွားဟု​ပြောစရာမလို​အောင်​ကို....

ကျွန်​​တော်​​ဘေးက​နေအသံတိတ်​​ပျောက်​ကွယ်​သွား​ချေပြိီ......

ကျွန်​​တော်​သာ.....
သူ့ကို​စော​စောသာချစ်​ခဲ့မိပါလျှင်​...
သူရှိစဉ်​ကတည်းကသူ့တန်​ဖိုးကိုသိခဲ့ပါလျှင်​.....

နောင်​တဆိုသည့်​နာမ်​စားကြီး၏​နောက်​ကွယ်​တွင်​ယခုလိုကျွန်​​တော်​​ရောက်​​နေမည်​မဟုတ်​ခဲ့ပါ​ချေ.......

💭💭💭💭💭💭💭💭💭💭💭💭💭

ကျွန်​​တော်​ Oh SeHun သည်​အလုပ်​နှင့်​ပက်​သက်​လျှင်​ဘယ်​အလုပ်​မဆိုအကုန်​လုပ်​နိုင်​ပါသည်​.......

အလယ်​တန်း​ကျောင်းသားဘ၀တွင်​မိဘနှစ်​ပါးသည်​ဆုံးပါးသွားကာ မိဘမဲ့ဘ၀သို့​နေ့ချင်းညချင်း​ရောက်​ခဲ့ရ​ချေသည်​.....

အရင်​ကတည်းက​ပြေလည်​ယုံသာရှိသည့်​စီးပွား​ရေးဖြစ်​သည့်​ Cake ဆိုင်​​လေးသည်​လုပ်​ကိုင်​တက်​သည့်​မိဘနှစ်​ပါးမရှိ​တော့သည့်​အတွက်​ထိုဆိုင်​​လေးသည်​​ဒေ၀ါလီခံသွားရသလိုဆိုင်​ခန်း​လေးသည်​လဲ....​အောက်​​ဈေးဖြင့်​​ရောင်းလိုက်​ရ​ချေသည်​.....အလယ်​တန်း​ကျောင်းသားပီပီ​လောကကြီးအ​ကြောင်းအားမသိနားမလည်​ကာလက်​ထဲရှိသည့်​​ငွေအားသုံးဖြုန်းကာ​နေခဲ့မိသည်​.......

EXO Fic OneShot(Collections)Wo Geschichten leben. Entdecke jetzt