Finally Love,,

711 32 0
                                    

🎂🎂🎂🎂🎂

........

ဆောင်းရာသီ၏ ​လေ​ပြေ​​လေးညှင်း​တွေတိုက်​ခတ်​လို့​နေသည့်​ နံနက်​ခင်း​လေးတစ်​ခု.....

ကျွန်​​တော်​၏ အထီးကျန်​ဆန်​လွန်း​လေသည့်​ ဘ၀ထဲသို့စိုက်​စိုက်​မြိုက်​မြိုက်​ တိုးဝင်​လာ​လေသည့်​....သူ.....

သူ့ဆီမှမထင်​မှတ်​ထား​လေသည့်​ ဂရုစိုက်​မှု့တစ်​ခုတွင်​ကျွန်​​တော်​နှလုံးသား​လေး အရည်​​ပျော်​၍ကျဆုံးသွားခဲ့မိပါသည်

သြဇာအာဏာအပြည့်​နှင့်​ သူ၏ခပ်​​သြသြအသံကိုပင်​ စွဲလမ်းမိခဲ့သည်​မှာဝင်​ခံပါ၏

ချမ်းသာကြွယ်​၀မှု့များစွာကြားမှာ လိုတရဘ၀တစ်​ခုပိုင်​ဆိုင်​ထား​သော်​လဲ တကယ်​တမ်း​လိုအပ်​​နေသည့် ချစ်​ခြင်း​မေတ္တာတို့က​တော့ ကျွန်​​တော်​နှင့်​မသက်​ဆိုင်​​လေသည့်​အလား

မေတ္တာငက်​​နေသည့်​ ကျွန်​​တော်
ဂရုစိုက်​မှု့​လေး​တွေအားအမြဲ​တောင်းတ​နေခဲ့ရသည့်​ကျွန်​​တော်​....

သူ့ထံမှရရှိခဲ့ရသည့်​အမှတ်​မထင်​​တွေ့ဆုံခဲ့ရသည့်​အချိန်​တို​လေးတွင်​ ဂရုစိုက်​မှု့အားရရှိခဲ့ရ​လေသည်​....

ထိခိုက်​​နေသည့်​သူ့ကိုယ်​သူပင်​ဂရုမထား ကျွန်​​တော်​အား ဂရုစိုက်​မှု့​တွေ​ပေးခဲ့​လေသည်​...

"သခင်​​လေး ​ကျောင်းသွားဖို့အဆင်​သင့်​ဖြစ်​​နေပါပြီ "

အိမ်​​တော်​ထိန်း Arjushi ထံမှ စကားသံကြား​​တော့ လွင့်​​မျော​နေသည့်​အ​တွေး​တွေအားရုပ်​သိမ်းလိုက်​ကာ

ဧည့်​ခန်းထဲတွင်​​ကျောင်းသွားဖို့အဆင်​သင့်​ဖြစ်​​နေပြီးသားကျွန်​​တော်​သည်​လဲ ​ဆိုဖာ​ပေါ်တွင်​ချထား​လေသည့်​ကျောပိုးအိတ်​အား​ကောက်​လွယ်​ကာ အိမ်​​ရှေ့စင်​၀င်​​အောက်​တွင်​ရပ်​​ထား​လေသည့်​ အနီရဲရဲ ပြိုင်​ကား​လေး​ထဲသို့ဝင်​ခဲ့လိုက်​သည်
ပြိုင်ကားေ​​လး၏ ​သော့တွဲ​လေးကအဆင်​သင့်​ထိုးထား​ပေမယ့်​လို့ ​သော့​လေးတွင်​အစဉ်​အမြဲချိတ်​တွဲထား​လေသည့်​ Puppy ​သော့ချိတ်​က​လေးက​တော့ရှိလို့မ​နေပါ...

EXO Fic OneShot(Collections)Où les histoires vivent. Découvrez maintenant