Introduction

12.4K 629 29
                                    

“ဟေး… ခင်ဗျားတို့ တွေးဖူးကြလား… ကျွန်တော်တို့နေထိုင်တဲ့ စကြာဝဠာအပြင် တခြားစကြာဝဠာတွေ ရှိနေနိုင်သေးတယ်ဆိုတာ… အဲ့ဒီစကြာဝဠာထဲမှာ ကျွန်တော်တို့တစ်ယောက်ချင်းစီနဲ့ ထပ်တူညီတဲ့ လူသားတွေက ကျွန်တော်တို့လိုပဲ ရှင်သန်နေထိုင်ကြတယ်ဆိုတာမျိုး… တွေးဖူးကြသလား… နောက်ပြီး… တိုက်ဆိုင်မှုဆိုတာတွေက ဒီတိုင်းပဲသမာရိုးကျဖြစ်စဉ်တစ်ခုလို့ ခင်ဗျားတို့ ယူဆကြလား? တိုက်ဆိုင်မှုရဲ့ နောက်ကွယ်က အကြောင်းတရားတွေကိုရော… စဉ်းစားဖူးခဲ့လား… ထပ်ပြီးတော့… Déjà Vu ‘ငါတော့ ဒီအဖြစ်အပျက်ကြီး ဖြစ်ဖူးခဲ့ပြီးသား… ငါတော့ ဒီနေရာရောက်ပြီးပြီမဟုတ်ဘူးလား… ငါ ဒီလူနဲ့တွေ့ပြီးသားပါ’ အဲ့လိုခံစားချက်မျိုးဖြစ်တာက ဘာကြောင့်လဲဆိုတာရော စဉ်းစားကြည့်ဖူးလား… ကျွန်တော့်ကို ထူးထူးဆန်းဆန်းတွေ စဉ်းစားနေတယ်လို့ ခင်ဗျားတို့ ထင်ကြမှာလား… လွန်ခဲ့တဲ့ လအနည်းငယ်လောက်ကတော့ ကျွန်တော်လည်း ခင်ဗျားတို့လိုပဲ… ၂၁ ရာစုမှ ဖြတ်သန်းနေခဲ့တဲ့ သာမန်လူငယ်လေးတစ်ယောက်ပဲ… ဒါပေမဲ့… ထူးဆန်းတဲ့အဖြစ်အပျက်တချို့ ကျွန်တော့်ဘဝထဲ ဝင်လာခဲ့တယ်… ကျွန်တော်သဘာဝနယ်လွန် ဖြစ်ရပ်တွေ UFO တွေ Alien တွေကို စိတ်ဝင်စားခြင်းမရှိဘူးလို့ ပြောရင် ခင်ဗျားတို့ ယုံသင့်တယ်… ဘာလို့လဲဆိုတော့ ကျွန်တော်က ကျွန်တော်တို့နိုင်ငံနဲ့ အာရှတိုက်တစ်ခုလုံးက သည်းသည်းလှုပ်အားပေးခံရတဲ့ မင်းသားတစ်လက်… ကျွန်တော့်ဘဝဖြစ်စဉ်တစ်ခုလုံးက ရိုက်ကွင်းသွားတယ် ပြန်လာတယ်… ကျွန်တော့်အိမ်ကို အချိန်ပေးတယ်… အဲ့လိုနေနေရင်းနဲ့ကို… သမာရိုးကျဖြစ်စဉ်မဟုတ်တဲ့ သဘာဝလွန်ဖြစ်ရပ်တစ်ခုက ကျွန်တော့်ရဲ့ ဘဝထဲဝင်လာခဲ့တယ်… ဟက်… သြော်… ဒါတွေမပြောပြခင်မှာ ကျွန်တော် ခင်ဗျားတို့ကို စကားလုံးတစ်ခုနဲ့ မိတ်ဆက်ပေးရဦးမယ်… အခုနက ကျွန်တော်ပြောပြတဲ့ အရာအားလုံးဖြစ်တည်မှုမှာ သီအိုရီတစ်ခုရှိတယ်ဗျ… အဲ့ဒါကို Multiverse Theory လို့ပဲ အလွယ်ဆိုကြပါစို့… ခင်ဗျားတို့ နားလည်လွယ်အောင် ပြောပြရရင် Multiverse ဒါမှမဟုတ် Meta-universe ဆိုတာက ကျွန်တော်တို့ နေထိုင်တဲ့ စကြာဝဠာအပြင် အခြားစကြာဝဠာတွေအများကြီး ရှိသေးတယ်ဆိုတဲ့ Theory တစ်ခုပဲ… အဲ့စကြာဝဠာအစုအပေါင်းကြီးတစ်ခုလုံး ပေါင်းစည်းပြီးမှသာ… နေရာ၊ အချိန်၊ ဒြပ်ထု၊ စွမ်းအင်၊ ရူပဗေဒဆိုင်ရာ သဘောတရားတွေနဲ့ သူတို့ကို ဖော်ပြတဲ့ ကိန်းသေတွေ ဖြစ်ပေါ်လာကြတာ… အဲ့ဒီမတူညီတဲ့ စကြာဝဠာကြီးကို… ကျွန်တော်တို့ရဲ့ လေ့လာသုံးသပ်သူတွေက Multiverse အပြင် Parallel Universes ဒါမှမဟုတ် alternative universes လို့ခေါ်ကြသေးတယ်… အဲ့ဒီ Parallel Universes တွေမှာ ကျွန်တော်တို့မဟုတ်တဲ့ ကျွန်တော်တို့တွေနေကြတယ်ဆိုတာကိုတော့… ကျွန်တော့်ဘဝထဲဖြစ်လာတဲ့ အဖြစ်အပျက်တွေကနေ ကျွန်တော်လက်ခံလိုက်ရတယ်…အ! မေ့လို့  ကျွန်တော့်နာမည်က Krist Perawat ပါ…"

Cross World(fanfic)Where stories live. Discover now