Part - 21

2.4K 303 83
                                    

"P Sing!!!"

နှင်းများကြားထဲပြေးလွှားနေသည့် Krist ကို Singto ကြည့်ရင်းပြုံးလိုက်မိခဲ့သည်။ သူတို့နှစ်ဦးလုံး ပွဲအပြီး လွတ်လွတ်လပ်လပ်နေနိုင်စေရန် သူတို့အဖွဲ့မှလူများအားလုံးက သူတို့နှစ်ဦးကို ခွင့်ပေးထားလိုက်ချိန်တွင် Krist မျက်နှာက ဟန်ပင်မဆောင်နိုင်အောင်မြူးထူးနေခဲ့သည်။

"ဘတ်!"

Singto သူ့မျက်နှာတည့်တည့် နှင်းခဲတစ်လုံး ထိမှန်လာသဖြင့် လူပင်အနည်းငယ်နောက်လန်သွားခဲ့မိသည်။ သူ့မျက်နှာမှ နှင်းခဲကို သူ ဖယ်ပြီး အရှေ့ကို ကြည့်လိုက်တော့ ထပ်မံဝင်လာခဲ့သည့် နှင်းလုံးနောက်တစ်လုံး။ သူ ယခုချိန်တွင် ရှောင်တိမ်းချိန်ရသဖြင့် လျင်မြန်စွာသာ ရှောင်လိုက်မိသည်။

"Hoy! P Sing က ဘာလို့ရှောင်တာလဲ!!"

Krist မျက်နှာစူပုတ်ပြီး ပြောနေချိန်တွင် Singto က သူ့ရှေ့ရောက်လာခဲ့ပြီ သူ့အား အရှေ့မှ နှင်းတောထဲတွန်းချသည့် Singto လည်ပင်းမှ မာဖလာကို သူ ညစ်ပတ်ကာ ဆွဲချလိုက်တော့။ နှင်းတောထဲတွင် ဝုန်းကနဲ ကျသွားသူနှစ်ဦး။

"အ!"

သူ့နဖူးအား တောက်လိုက်သည့် Singto ကြောင့် Krist မနာသော်လည်း အော်လိုက်မိသည်။ သူက Singto အောက်တွင်ဖြစ်နေသော်လည်း သူ့ခေါင်းက Singto လက်ပေါ်တွင်ရှိနေခဲ့သည်။ သူတို့ပြုတ်ကျစဉ်က Singto က သူ့နောက်လန်ကျခြင်းကို မြေပြင်နှင့် မထိသွားစေရန် လက်ဖြင့် ခံထားပုံရသည်။

"ဘာလို့ လူကို လာအနိုင်ကျင့်နေတာလဲ Kit ပြုတ်ကျအောင် P Sing ပဲ တွန်းချပြီးတော့…"

"မင်းကို ပြုတ်ကျခံမလားငါက! ပြန်ဖမ်းမှာပေါ့… တော်သေးတာပေါ့ ငါ့လက်အမြန်ခံလိုက်လို့…"

"Hoy! P Sing ကလည်း… ဒီမှာက နှင်းတွေပဲ ရှိတာကို… ဘာမှမရှိပါဘူး…"

"Kit… မတော်တဆဆိုတာ ကြောက်ဖို့ကောင်းတယ်…"

သူ့အား မိုးကြည့်နေသည့် Singto ကြောင့် သူ Singto ကိုကြည့်ရင်း ပြုံးပြလိုက်မိသည်။ ဟုတ်သည် Singto ဆိုသည့် သူ့မျက်စိရှေ့မှသူသည် သူနှင့်ပတ်သက်လာလျှင် သေးသေးမွှားမွှားလေးမှ အစ စိုးရိမ်စိတ်ကြီးမားတတ်သူ။ အားး သူ ထိုမျှထိ ချစ်ဖို့ကောင်းသော ချစ်သူတစ်ဦးကို မည်သည့်နေရာတွင် သွားဖွက်ထားလျှင် ကောင်းမလဲ!

Cross World(fanfic)Donde viven las historias. Descúbrelo ahora