Part - 9

2.4K 342 36
                                    

အကယ်၍ သင်သည် အချိန်ဟူသည့်အရာက ကုန်လွန်ဖို့ နှေးကွေးလွန်းသည်ထင်လျှင် သေချာပြန်သုံးသပ်ကြည့်ပါ။ အချိန်ကုန်လွန်ခြင်းသည် သင် သတိပြုမိသည့်အချိန်တွင် အံ့အားသင့်လောက်အောင် သင်၏နေ့ရက်တို့သည် ကျော်လွန်ကုန်ဆုံးသွားခဲ့သည်ကို သင် သတိပြုမိပါလိမ့်မည်။

"Kit… ပြီးပြီလား…"

"P Sing…"

Krist သူ့မျက်စိရှေ့မှ Singto ကိုကြည့်လိုက်မိသည်။ ထိုပုဂ္ဂိုလ်သည် ဘာဝတ်ဝတ်ကြည့်ကောင်းနေရအောင် ယခင်ဘဝအဆက်ဆက်တွင် မည်သို့များ ဆုတောင်းမိခဲ့ပါလိမ့်။ သမာရိုးကျဝတ်စုံတစ်ခုဖြင့်ပင် ထိုသူက ကြည့်ကောင်းနေခဲ့သည်။

ယနေ့ညသည် သူတို့နှစ်ဦး ရုပ်ရှင်အတူ ကြည့်မည်ည… သူတို့၏ Sotus Series သည် ထုတ်လွှတ်ပြီးနောက် သူတို့၏ Rama Bridge Episode ကြောင့် ပရိသတ်၏တခဲနက်အောင်မြင်ကိုရရှိခဲ့ပြီး သူတို့နှစ်ဦးသည်လည်း on screen lover အဖြစ် နေဖြစ်ခဲ့ကြသည်။ သူတို့ Company ၏ ညွှန်ကြားမှုအောက်တွင် သူတို့ On screen lover ပီသအောင် ပြုမူနေထိုင်ဖြစ်ခဲ့ကြသည်။ ယခုည ရုပ်ရှင်ကြည့်မည်ဆိုသည် ကလည်း ထို ညွှန်ကြားမှုများထဲမှတစ်ခု။

"ပြီးပြီ P… P!!!"

"Hoy…… ဘာလို့ကလေးဆန်နေတာလဲ!"

Krist Singto လက်မောင်းကို ပြေးဖက်ကာ ပါးလေးအပ်လိုက်တော့ Singto သူ့လက်မောင်းထက်တွင်မီလာသည့် Krist ခေါင်းမှဆံပင်များကို ထိုးဖွလိုက်ရင်း ပါးဖောင်းလေးကိုဆွဲလိုက်မိသည်။

"Hmm Kit…… အိပ်ရေးပျက်ထားတာလား? ပါး လည်းသိပ်မဖောင်းတော့ဘူး…"

"ဟင့်အင်း……"

ရုတ်တရက်မျက်နှာပျက်သွားသော Krist ကြောင့် Singto… Krist ကို သေချာကြည့်လိုက်မိသည်။

"အင်း…… Kit မျက်နှာလည်း မကောင်းပါလား ဘယ်လိုဖြစ်လို့လဲ…"

"Uhh မဟုတ်ပါဘူး ဒီလိုပါပဲ…"

သူ့ကို ဂရုတစိုက်မေးသော Singto အကြည့်များကို သူ လွှဲလိုက်မိခဲ့သည်။

သူ့အတွေးများက  လွန်ခဲ့သည့် အချိန်ပိုင်းထံသို့…

"Future Krist! မင်းအဆင်ပြေလား…"

Cross World(fanfic)Donde viven las historias. Descúbrelo ahora