Part - 18

2.7K 309 98
                                    

Krist သူ့အား ဝမ်းသာစကား လာဆိုကြသည့် fan တိုင်းနှင့်လူများအားလုံးကို ပြုံးရွှင်စွာ နှုတ်ဆက်နေခဲ့မိသည်။ ဘွဲ့ဝတ်ရုံဖြင့် သူ့ပုံစံက ရှင်းသန့်နေခဲ့သည်။ သူ အပြုံးမပျက် နှုတ်ဆက်နေသော်လည်း သူ့စိတ်တို့က ကြည်လင်ခြင်းမရှိ။ ဘာကြောင့် P Singto သည် ကတိမတည်ရတာလဲ။ သူအား ယနေ့တစ်နေ့လုံး အချိန်ပေးမည်ဟု ပြောထားပါလျက်နှင့်။ သူ ထိုအကြောင်းကို တွေးမိချိန်တွင် သူ့နှုတ်ခမ်းတို့က အလိုမကျစွာ ချွန်ထွက်လာခဲ့သည်။ ထို P Singto ကို ကောက်တေးဦးမည်ဟု သူ့စိတ်ထဲ တေးမှတ်ထားလိုက်မိသည်။

Fan များအော်သံကြောင့် သူ့ခေါင်းက ဝမ်းသာအားရ အော်သံလာရာဘက်လှည့်သွားတော့ သူ့အား ပြုံးစိစိနှင့်လာဖက်သည့် Papi… သူ မချိပြုံးပြုံးရင်း ရယ်ပြလိုက်မိသည်။

"အမလေး သူ့ဟာမဟုတ်လို့ ရုပ်ကိုက…"

Papi ၏ ခပ်ရွှတ်ရွှတ်စကားကြောင့် သူ ရှက်ရှက်ဖြင့် ခေါင်းငုံ့ကာသာ ရယ်လိုက်မိသည်။ Papi သည် အနေတည်ကာ အရာရာကို စိတ်မဝင်စားသလို နေတတ်သူ ပုံစံဖြစ်သော်လည်း သူသည် ပတ်ဝန်းကျင်မှ ပြောင်းလဲမှုမှန်သမျှကို လျင်မြန်စွာ ရိပ်ဖမ်းနိုင်ခဲ့သူတစ်ဦး။ သူနှင့် Singto ၏ ဆက်ဆံရေးအား သိနေသည့် တစ်ဦးတည်းသော လုပ်ဖော်ကိုင်ဖက်။ Papi သိနေသည်ကို Singto ပင်မသိသေး။

"မလာသေးဘူး အခုထိ…"

သူ စူပုတ်ပုတ်ပြောတော့ Papi ရယ်လိုက်မိသည်။ Krist သည် ကလေးဆန်သည်၊ Singto အပေါ်နိုင်စားသည်ဟု လူအများက ထင်နေသော်လည်း စင်စစ် Krist သည် အနိုင်ခံရသူလေး။ Singto နှင့်ပတ်သက်လာသည့် အရာတစ်ခုခုဖြစ်လာသည်နှင့် သူ့မျက်နှာတွင် အထင်းသား။ Singto က Krist ကို မချစ်သည် မဟုတ်သော်လည်း Singto သည် အကြီးတစ်ယောက်၏ ရင့်ကျက်မှုမျိုးဖြင့် မိမိခံစားချက်ကို ဖုံးကွယ်ထားတတ်သည်။

"ဟိုမှာလာပြီ……"

Papi ညွှန်ပြရာကြည့်လိုက်တော့ လူအုပ်ကြားမှ တိုးဝှေ့လာရင်း သူ့ထံလာနေသည့် သူ့ချစ်ရသူ။ ပင်ပန်းနေဟန်ရှိသည်တောင်မှ ထို Singto သည် ထိုမျှထိ ကြည့်၍ကောင်းနေစရာလားဟု တွေးမိရင်း Krist မကျေမနပ်ဖြစ်သွားမိသည်။

Cross World(fanfic)Donde viven las historias. Descúbrelo ahora