Part - 6

2.7K 345 39
                                    

မြစ်ကိုဖြတ်ကာ တိုက်ခတ်လာသည့် လေညင်း တံတားပေါ်တွင် အရှေ့အနောက်လမ်းလျှောက်လာခဲ့သည့် အနောက်တိုင်းဝတ်စုံကိုယ်စီဖြင့် ကောင်လေးနှစ်ယောက်။ တစ်ဦးမျက်နှာထက်တွင် ဝေခွဲမရဖြစ်မှုနှင့် တစ်ဦးမျက်နှာထက်တွင်တော့ သတ္တိနှင့်ဆုံးဖြတ်ချက်ချရန်ပြင်ဆင်နေမှုများ။ ထိုကောင်လေးနှစ်ဦးက အခြားမဟုတ် Krist ဆိုသော Arthit Rojnapat အဖြစ်သရုပ်ဆောင်နေသည့်ကောင်လေးနှင့် Singto ဟူသော Kongpob Suthiluk အဖြစ်သရုပ်ဆောင်သော ကောင်လေး။ သူတို့နှစ်ဦး တံတားတွင် ရပ်လိုက်မိခဲ့ကြသည်။

"မင်း ပင်ပန်းနေပြီလား?"

"မပင်ပန်းပါဘူး..."

Krist... Singto ၏ မျက်နှာချောချောကို ငေးကြည့်လိုက်ခဲ့သည်။ ညချမ်းအချိန် သူတို့နှစ်ဦး တစ်ဦးနှင့်တစ်ဦးငေးကြည့်နေခဲ့မိသည်။ Krist သူ့အတွေးထဲတွင် Arthit ကိုစဉ်းစားလိုက်ခဲ့မိသည်။ Arthit သည် Kongpob ကိုမည်သို့ချစ်မည်နည်း။ သူ Kongpob ကိုချစ်သော အချစ်သည် လူအများလက်ခံနိုင်မည့် ချစ်ခြင်းတစ်ခုမဟုတ် ထို့အပြင် သူသည် Head Hazer တစ်ဦး။ သူ့အား ပတ်ဝန်းကျင်မှအမြင် Junior များအမြင်... ထိုအရာများထက် သူ့အား စိတ်ရှုပ်နေသည့် အကြည့်များဖြင့် ကြည့်နေခဲ့သော Kongpob သည် သူ့အတွက်ပိုအရေးကြီးသည်။ အရာရာထက် ထိုကောင်လေးသည် သူ့ဘဝအတွက် ပိုအရေးပါသည်။ Arthit ၏ Kongpob အပေါ်ချစ်ခြင်းသည် ထိုသို့ချစ်ခြင်းမျိုး။

သို့ဆိုလျှင် Future Krist ၏ Singto အပေါ်ချစ်ခြင်းသည်လည်း... ထိုအတွေးတို့သူ့ခေါင်းထဲ ဝင်လာသည်နှင့် သူ့ရင်တစ်ခုလုံး ငြိမ့်ကနဲခုန်သွားခဲ့သည်။ ထိုရင်ခုန်ခြင်းက အရိုင်းဆန်သော ရင်ခုန်ခြင်းမျိုးမဟုတ်ဘဲ တသိမ့်သိမ့်ဖြင့် စီးဆင်းလာသော နွေးထွေးသည့် လျှပ်စီးလှိုင်းတစ်ခု။ Singto ကိုကြည့်နေသည့် သူ့မျက်လုံးတို့ ဝိုင်းစက်သွားခဲ့မိသည်။ Future Krist ၏ချစ်ခြင်း။ Future Krist သည် Arthit မှ Kongpob ကို ချစ်သော ချစ်ခြင်းမှ Krist မှ Singto သို့ ချစ်သော ချစ်ခြင်းအဖြစ်ပြောင်းလဲသွားခဲ့သည်။

"ငါက မင်းစီနီယာဆိုတာ မင်းသိတယ်နော်..."

သူ့စိတ်တို့ကို Arthit အဖြစ်ပြန်ကာ mood သွင်းခဲ့သော်လည်း Future Krist ၏ ခံစားချက်က ကပ်ပါနေခဲ့သည်။

Cross World(fanfic)Where stories live. Discover now