တစ်နေ့က ပါးပြောတယ်။သူ့အလုပ်က နယ်ဘက်ကို တာဝန်ကျလို့
ပြောင်းရမယ်တဲ့။မားကလည်း ကျွန်တော်နဲ့အတူ လိုက်ခဲ့မယ်လို့ပြောတယ်။
မားရဲ့မေမေ ကျွန်တော့်ရဲ့အဖွားကတော့ ကျွန်တော့်ကို
မထည့်ပေးချင်ဘူးလေ။သွားမယ်ဆိုလည်း ညည်းခင်ပွန်းနောက်ညည်းလိုက်သွား။
နယ်ဆိုတာက ခေါင်တယ်။ရွှံ့တွေ ဗွက်တွေနဲ့။ပြီးတော့နေတွေလည်းပူမှာ။ ငါ့မြေးလေး မနေနိုင်ပါဘူးတဲ့။ဒီဘန်ကောက်မြို့ပေါ်မှာပဲ ထားခဲ့ သူထိန်းပေးမယ်လို့တောင် ပြောတယ်။အဖွားရဲ့အတွေးနဲ့ ကျွန်တော်နဲ့က ထပ်တူပဲ။ကျွန်တော်က မြို့ပေါ်ပဲကြိုက်တယ်။နယ်ဘက်တွေက အရမ်းပူနေမှာ။မကြိုက်ပါဘူး။ဒါပေမဲ့ ကျွန်တော့်မားကတော့ အခုခေါ်သွားမယ် ကျောင်းပြန်ဖွင့်ရင်တော့ပြန်ပို့ပေးမယ်လို့
အတင်းအကျပ်ပြောတယ်။အဲ့တော့လည်း အဖွားက မထည့်ပေးချင်ပေမဲ့ ထည့်ပေးလိုက်ရတာပေါ့။"ဘယ်လိုလဲသား ထင်သလောက်မဆိုးဘူးမလား"
ကားမောင်းနေရင်း မေးလိုက်တဲ့ သူ့အဖေရဲ့မေးခွန်းကြောင့် သူ့အတွေးတချို့ပြတ်တောက်သွားတယ်။သူ ကားပြတင်းပေါက်ကနေ အပြင်သို့ ငေးလိုက်ရင်း........
"နေပူတယ်နော်...."
သူ့ရဲ့ပြန်ဖြေတဲ့အသံက မလိုက်ချင်တဲ့သူကို ကားထဲပိတ်ထည့်ကာ အတင်းအကျပ်ခေါ်လာတဲ့ အသံ....
"နယ်ဘက်ကတော့ ဒီလိုပဲပေါ့ သားရဲ့...သားကျောင်းဖွင့်ရင်
မြို့ပေါ်ပြန်သွားနေရမှာလေ။ဒီမှာက နွေ၃လပဲ နေရမှာ..."သူ့အမေရဲ့ ၃လဆိုတဲ့အသံအား လိုက်ယောင်လိုက်ကာ
"၃လ......"
ကျွန်တော့်နာမည် Mingkwan...ပါးကတော့ ရဲမှူးချုပ်ကြီးလေ...တစ်နယ်ပြီး တစ်နယ်တာဝန်ကျလိုက် ဘန်ကောက်မှာတာဝန်ကျလိုက်နဲ့ပေါ့။ မားကတော့ ပါးတာဝန်ကျတဲ့နေရာဘယ်နေရာမဆို လိုက်နေတယ်။ကျွန်တော်ကတော့အဖွားနဲ့ပဲ ကျန်ရစ်နေခဲ့ရတယ်။ဩော် ဒါနဲ့အဖွားက မားနဲ့ပါးကို သဘောမတူဘူးလေ။မားရဲ့မျိုးရိုးက ချမ်းသာတဲ့မျိုးရိုး၊ပါးကတော့အလယ်အလတ် ဒါ့အပြင် ရဲဆိုတော့သဘောမတူဘူး။နောက်တော့ မားက ပါးမှပါးဖြစ်နေတော့လည်း သဘောတူလိုက်ရတာပေါ့ဗျာ။ပြီးတော့ကျွန်တော်မွေးလာတယ်လေ။အဖွားကလည်း ပါးကိုသာ
ကြည့်လို့မရတာ သူ့ရဲ့တစ်ဦးတည်းသောမြေး
ကျွန်တော့်ကိုတော့ဖူးဖူးမှုတ်ထားတယ်ဗျ။အမှန်အတိုင်းပြောရရင် ကျွန်တော် နယ်ဘက်တွေကို သဘောမကျဘူး။ဟိုးငယ်ငယ်တုန်းက တစ်ခေါက်လိုက်သွားဖူးတယ်။အခုလိုပဲ
ကျောင်းပိတ်ရက်မို့လို့လေ။အောင်မလေး အဲ့နယ်မှာ
အရိပ်မရှိဘူးဗျ နေပဲပူနေတာ။
ဖုန်တွေကလည်း တအားထနေရော။
ဒါပေမဲ့ ဒီတစ်ခေါက်မှာတော့ သိပ်မဆိုးလှ။
အဲ့ဒီနယ်ဘက်ကို ရောက်လေလေ သစ်ပင်တွေပိုများလာလေလေပဲ။ကားမှန်ပြတင်းပေါက်ကို
အောက်ချလိုက်တော့......အပြင်က လတ်ဆတ်တဲ့ လေအေးအေးလေးတွေက ကားအတွင်းထဲကိုတိုးဝင်လာတယ်။မှန်ပြတင်းဖွင့်လိုက်တာနဲ့ ကျွန်တော့်ပေါင်ပေါ်မေးတင်ပြီး အိပ်နေတဲ့ ငနဲသားဖြစ်သူ ကျွန်တော့်ခွေး Chubby က ခေါင်းတထောင်ထောင်။သူလည်း သဘာဝတရားကို
ခံစားတတ်ပုံရတယ်။ကျွန်တော်လည်း အပြင်ကိုငေးနေမိတယ်။ရုတ်တရက်ကြီးပါးကမေးတယ် ဘယ်လိုနေလဲတဲ့။ကျွန်တော်မှ မလိုက်ချင်တာ အတင်းခေါ်လာတော့ "နေပူတယ်နော်လို့"မဟုတ်တာဖြေလိုက်တယ်။