Part.5

417 36 10
                                    

"MingရေMing သားရေ" 

သူ့နာမည်အား တကြော်ကြော်နှင့်အော်ခေါ်နေသော
အမေဖြစ်သူကြောင့် ဆော့လက်စgameကိုquitလုပ်ကာ
အိမ်အောက်ထပ်သို့ ဆင်းသွားလိုက်သည်။

"မား...ဘယ်နားမှာလဲ"

သူအောက်ထပ်သို့ ဆင်းလာသော်လည်းသူ့အမေကို
ချက်ချင်းမတွေ့ပေ။တအောင့်အကြာမှ စာရွက်အိတ်တစ်ခုနဲ့
အိပ်ခန်းဖက်က ထွက်လာသော သူ့အမေအား
တွေ့ပါလေတော့သည်။

"ရော့ ဒီမှာ...ပါးကို သွားပို့ပေးလိုက်"

"ဟင်...ဒီစာအိတ်က"

"အိမ်မှာကျန်ခဲ့တာလေ..ယူပြီး သွားပေးလိုက်"

"အရင်က P'Forthလာယူတာမဟုတ်ဘူးလား?"

"ကဲ Ming ဒါကိုယူ နင့်ပါးကိုအခုသွားပေးလိုက်"

သူ့အမေးအား မဖြေဘဲ လက်ထဲသို့ထိုးပေးနေသော
စာအိတ်ထုပ်ကို ယူလိုက်ကာ

"ဟုတ်ကဲ့ အခုသွားပေးလိုက်ပါ့မယ်"

သူ့အခန်းထဲမှ အပေါ်ထပ်အင်္ကျီတထည်ကိုယူကာ
ဝတ်လိုက်ပြီး အိမ်အောက်ထပ်ကိုပြန်ဆင်းလာလေတော့

"ထီးယူသွားနော် နေရှိန်ရှိသေးတယ်"

သူ့အမေ၏သတိပေးသံအရ တိုင်ကပ်နာရီအား တစ်ချက်လှမ်းကြည့်လိုက်မိသည်။အချိန်အားဖြင့်
၎နာရီပင်ခွဲနေပြီဖြစ်သည်။ညနေစောင်းသို့ ရောက်ခါနီးစဲစဲပင်။သို့သော် နေမင်းကြီးကတော့ အဖြူရောင်မိုးသားကောင်းကင်ကြီးနှင့်အတူ
သူ့အရောင်အဝါတွေထုတ်လွှင့်လို့ကောင်းစဲဖြစ်သည်။
သူလည်း ထီးလေးဆောင်းကာခြံဝန်းထဲမှအပြင်သို့
ထွက်လာခဲ့သည်။သူအပြင်ဖက်ရောက်သည်နှင့် စာသမားပေသမားKitသည်လည်း တစ်ဖက်ခြံထဲကနေထွက်လာလေသည်။

Ming's p.o.v>>>Oh ho!စာသမားပေသမား

သူ ထိုကောင်လေးအားနောက်ကျောဘက်ကနေ
ကြည့်နေလေသည်။ထိုကောင်လေးပုံက အပြာနုရောင်ရှပ်အင်္ကျီပွပွတစ်ထည်နှင့်ဂျင်းဘောင်းဘီ
အတိုကို လိုက်ဖက်စွာဝတ်ဆင်ထားလေသည်။ဦးထုပ်အနက်ကို သူ့ရှေ့တွင်ပဲဆောင်းကာ
သူ့အရှေ့ကနေ သွားနေလေသည်။ထိုကောင်လေး
သူ့မြင်ကွင်းထဲရောက်လာကတည်းက ပြုံးမိသည်။ဘာလို့မှန်းမသိ "စချင်နောက်ချင်သည့်စိတ်"တို့က တဖွားဖွားနှင့်...သို့သော်သူ့အဖေဆီ စာအိတ်သွားပေးရမည်
ဖြစ်သောကြောင့် ဒီတိုင်းလေးပဲသူ့အနောက်ကနေ အေးဆေးစွာနဲ့ လိုက်သွားလေသည်။သူ့အဖေ၏ဌာနသို့သွားသည့်လမ်းတွေမှာ သူ့အတွက်စိမ်းမနေတော့ပေ။
ထို့အပြင် ဖြတ်လမ်းတစ်ချို့ပါ သိနေသည့်အတွက်
အချိန်ခဏလေးနဲ့တင် အရောက်သွားနိုင်လေသည်။
သို့သော် ပြသာနာမှာ အရှေ့ကကောင်လေးပင်။ဘာလို့မှန်းမသိ သူ့သွားမည့်ဖြတ်လမ်းတွေထဲသွားကာ အရှေ့ကနေလုံးလုံးလုံးနှင့်သွားနေသည်။တော်ကြာအနောက်လှည့်ကြည့်ပြီး သူ့နောက်ဘာလို့လိုက်နေတာလဲလို့စွပ်စွဲမှာကိုတောင် ကြောက်မိလေသည်။

The Central HubWhere stories live. Discover now