Part4

432 38 12
                                    

ရှေးရဲမှူးကတော်တို့ စိုက်သွားသော ခြံထဲကပန်းပင်များအား
မားကရေလောင်းနေကြဖြစ်သည်။သို့သော် ယနေ့တွင်တော့
ကျွန်တော့်ကို လောင်းခိုင်းနေတယ်လေ။ခြံက ကျယ်သည့်အပြင် ပန်းတွေကို ဟိုဖက်ခြမ်း ဒီဖက်ခြမ်းခွဲစိုက်ထားသေးသည်။ထို့ကြောင့် ရေပိုက်နှင့်နီးသည့်ဖက်ကို ရေအရင်လောင်းလိုက်သည်။ထို့နောက် တစ်ဖက်နေရာသို့ကူးကာ
ရေလောင်းမလို့လုပ်လိုက်သည်။

"P' P'"

အကို အကိုနဲ့ခေါ်နေတဲ့အသံကိုကြားလေတော့ သူလိုက်ရှာမိသည်။ထိုအသံက ခြံစည်းရိုးနားကနေလာသည့်
အသံဖြစ်သည်။ထို့ကြောင့် ခြံစည်းရိုးအား ပြူးကာကြည့်လေတော့ ကောင်မလေးတစ်ယောက်
ကလေးမလေးလို့ပြောရင် ပိုမှန်သည်။သူ သူ့ကိုယ်သူ
လက်ညိုးထိုးကာ ပါးစပ်ကလည်း ငါလား?လို့မေးလိုက်တယ်။

"ဟုတ်တယ်P'...P'ကိုပြောနေတာ....ဟိုနားလေးမှာ ညီမလေးရဲ့
ကြက်တောင်လေး ပြုတ်ကျသွားလို့ အဲ့တာလေးကောက်ပေးပါလား?"

ထိုကောင်မလေးညွှန်ပြသည့်နေရာကိုကြည့်တော့ တကယ်ကို
ကြက်တောင်တစ်ခုပြုတ်ကျနေလေသည်။ထို့ကြောင့် ခြေဟန်လက်ဟန်နဲ့သွားကောက်ပေးမယ်ပြောလိုက်တယ်။
ကြက်တောင်ရိုက်နေရင်း လူကောကြက်တောင်ပါ အသံမကြားပျောက်သွားလေတော့Kitသူ့ညီမလေးဖက်သို့
သွားကြည့်မိသည်။ခြံစည်းရိုးတိုင်ကို ဖက်လျက်တစ်ဖက်အိမ်ကို
ချောင်းနေသော Fah

"Fah နင်ဘာလုပ်နေတာလဲ"

ထိုအခါ သူ့ညီမလေးက ပြုံးပြလျက်

"ဟိုလေ ကြက်တောင်က ဟိုဖက်ကို"

ခြေဟန်လက်ဟန်နဲ့ တစ်ဖက်အိမ်ကိုထိုးပြနေသောFahကြောင့်
အခြေအနေကို ရိပ်မိသည်။ကြက်တောင်တော့ ဟိုဖက်အိမ်ကျသွားပြီဖြစ်မယ်။Mingတစ်ယောက်ကတော့
ကြက်တောင်လေး ကောက်ကာ ထိုကောင်မလေးဆီကိုသွားပေးဖို့
လုပ်နေတယ်လေ။ထိုကောင်မလေးက သူ့အိမ်ကိုလှည့်ကြည့်နေပြီး ဘယ်သူနဲ့စကားပြောမှန်းမသိ။
သူ သိချင်မိသောကြောင့် ကြည့်လိုက်တယ်။

Ming's p.o.v >>>အိုးဟို ...ဟိုကောင်လေး...ဒါဆို ဒီခြံမှာ
စာဖတ်နေတဲ့ စာသမားပေသမားက အဲ့ကောင်လေးပေါ့

The Central HubWhere stories live. Discover now