P.1

141 7 0
                                    

ရှီး .....ဝုန်း....ဝုန်း....ရှီး.....ဝုန်း....

ဒက်..ဒက်ဒက် ဖောင်း...

နားထဲသို့အဆက်မပြတ်ဝင်လာနေသည့် ပေါက်ကွဲသံတွေ ၊မရပ်မနားပစ်ခတ်နေတဲ့စက်ပစ်သံတွေ၊ သေနတ်မောင်းတင်သံ ၊
ပစ်လွှတ်လိုက်သံ၊ လက်ပစ်ပုံးကလစ်ဖြုတ်သံ၊ မိုင်းကွဲသံ၊ လူအော်သံ ၊ရှေ့တက်ဖို့အော်လိုက်တဲ့ညာသံတွေ...
မီးခိုးငွေ့ ၊ယမ်းငွေ့ ၊ညှော်နံ့တွေနဲ့အတူ သွေးညှီနံ့တွေ ဒါတွေတင်မက အလုံးအရင်းဝင်လာသေးသည့် မြေကြီးမှုန်တွေ၊လွင့်ပျံလာတဲ့
မိုင်းဆံမှုန်တွေကြားအသက်ပြင်းပြင်းရှုသွင်းရင်း တစ်ယောက်ပစ်ခတ်နေချိန် ကျန်တစ်ယောက်မှာအသက်ဝအောင်ရှုသွင်းရင်း
သူတစ်လှည့်ကိုယ်တစ်လှည့် မှုန်မှုန်ဝါးဝါးထဲတွင် ဝပ်ကျွင်းပေါ်ခေါင်း‌အနည်းပြူသေနတ်မောင်းကိုတင်ထားပြီး မရပ်မနားပစ်ခတ်နေရသည့်
အခြေအနေ..တစ်နည်းဆိုရလျှင် တိုက်ပွဲတွင်းရှေ့တန်းမျက်နှာဆာဟုပြောရ‌ပေမည်။

အရှိန်ပြင်းပြင်းအဝေးဒုံးတစ်ခု မိမိတို့ဝပ်ကျွင်းအရှေ့သို့ကျရောက်လာချိန်မှာတော့ နားစည်ကွဲထွက်မတတ်ကျယ်လောင်သံနှင့်အတူ
လွင့်ပျံလာသောမြေကြီးမှုန်အလုံးအရင်း၊မိုင်းစံအချို့ကြောင့် ဝပ်ကျွင်းအောက်နှစ်ဦးသားအမြန်ဝပ်လိုက်ရသော်လဲ အခြေအနေမဟန်လှပါ။
တစ်ဖက်မှကျူးကျော်လာသည့်အင်အားကို မမြင်ရသော်လဲမိမိတို့အင်အားထက်သာသည်မှာတော့သေချာနေသည်။ လက်နက်အင်အား၊လူအင်အား အလုံးအရင်းနှင့်ဝင်တိုက်နေသည်ကိုသိနေပါသော်လဲ ဤနေရာမှ‌ထွက်ပြေးတိမ်းရှောင်ဖို့ရာ မည်သူမှစိတ်ကူးမရှိကြပါ။
အချိန်အတော်ကြာနေပြီဖြစ်သည့် ဤတိုက်ပွဲအခြေအနေတွင် မိမိတို့ဘက်မှတော်တော်များများကျသွားပြီဖြစ်သည်။
တစ်ဖက်မှလဲအတော်အသင့်သေဆုံးပါလိမ့်မည်။သို့ပေမယ့် ခံစစ်ဖြစ်နေသည့်မိမိတို့ထက်တော့အရေးသာနေလိမ့်ဦးမည်။
ခေတ္တမျှမြေကြီးမှုန်များနှင့်မွန်းသွားပြီးချိန်မှာတော့ မီးခိုးယမ်းငွေ့များအကြားဘေးဘက်မှ မိမိ၏ညီနောင်များကျဆုံးကုန်သည့်အနေအထားကို
မြင်လိုက်ရပီဖြစ်သည်။အံကိုတင်းနေအောင်ကျိတ် သေနတ်ကိုဖိကိုင်ရင်းဝပ်ကျင်းပေါ်ခေါင်းပြူကာ အသက်ရှိသေးသ၍၊
တတ်စွမ်းသေးသ၍ တိုက်ခိုက်ရန်အရှိန်ပြန်ယူလိုက်သည်။

Unbending Isosceles (U & I) (ခိုင်မြဲသောနှစ်နားညီတြိဂံ)Where stories live. Discover now