P.2

42 6 0
                                    

   အနာဂတ်မှာ...ငါဘာကိုလုပ်မယ်...ငါဘာဖြစ်ချင်တယ်...ငါဟာဘယ်လို...ဒီလိုအတွေးမျိုးကိုတွေးခဲ့ဖူးကြလား...???

ကျွန်တော်ကတော့တွေးခဲ့ဖူးတယ်....အနာဂတ်ကအလှမ်းဝေးသေးတယ် ပစ္စုပ္ပန်ကိုပဲစဉ်းစားပါဦးလို့ပြောကြပေမယ့် ကျွန်တော်ကတော့
ကျွန်တော့်အနာဂတ်ဆိုတာကိုတွေးပြီး လေထဲမှာအိမ်ဆောက်ရတာကိုနှစ်သက်တဲ့သူတစ်ယောက်..အမြဲလိုလိုတွေး‌နေတတ်သလို၊
ထိုအတွေးတွေမှာလဲပျော်မွေ့‌နေတတ်သူတစ်ယောက်လို့ပြောရမှာပါပဲ..။ သို့ပေမယ့်တစ်ချိန်ကကျွန်တော်တည်ဆောက်ချင်ခဲ့တဲ့
ကျွန်တော့်အနာဂတ်က ထွေထွေထူးထူးဆန်းပြားမနေခဲ့ပေမယ့် လက်တွေ့အချိန်ကာလရောက်ရှိချိန်မှာတော့ အနာဂတ်ဆိုတာ
ကျွန်တော်တွေးထားခဲ့သလိုဖြစ်မလာခဲ့‌‌တော့ပါဘူး...သူဆန္ဒရှိသလိုကျွန်တော့်အပေါ်အနိုင်ယူသွားလာနေတဲ့နောက်ကိုပဲ
ကျွန်တော်လိုက်နေခဲ့ရတယ်ဆိုတာကိုတဖြေးဖြေးနဲ့နားလည်သဘောပေါက်လာခဲ့ရပါပြီ...ဒါပေမယ့်အဲ့ဒီ့အချိန်မှာပဲကျွန်တော်ဟာလဲ
စိတ်ကူးနဲ့လေထဲအိမ်ဆောက်တဲ့အရွယ်ကိုကျော်လွန်လာပြီး ဘဝဆိုတဲ့ရှုပ်ထွေးမှု့ကိုလက်ခံနိုင်တဲ့အသက်အရွယ်အပိုင်းအခြား
ရောက်ရှိကူး‌ပြောင်းလာခဲ့ပြီဖြစ်ပါတယ်...။

     -ဟေး....အောင်တယ်...မေမေရေ့ သားအောင်တယ်ဗျ.....။

ဆယ်တန်းအောင်စာရင်းတစ်ခုက တစ်ဘဝမဟုတ်ဘူး...!!!! ဒီစကားကတစ်စုံတစ်ယောက်မှကျွန်တော့်ကိုပြောခဲ့ဖူးသည့်
အားပေးစကားတစ်ခွန်းဖြစ်ပြီး ကျွန်တော်ကလဲအခြားသောသူများကို ထပ်ဆင့်ပြောခဲ့ဖူးသည့်အားပေးစကားလေးတစ်ခွန်းဖြစ်ခဲ့ပါသည်။
ဘယ်သူတွေကိုပြောခဲ့ဖူးလဲ???ဒါကို‌တော့ကျွန်တော်မမှတ်မိပါ..သို့ပေမယ့်ကျွန်တော့်ရဲ့အတိတ်နေ့ရက်တွေကို‌ပြောရမည်ဆိုလျှင်
ဒီစကားလေးတစ်ခွန်းနှင့်အတူ ထိုနေ့လေးတစ်နေ့မှာ အရေးကြီးပြီးရင်ထဲစွဲထင်ကျန်နေခဲ့သည့်နေ့လေးတစ်‌နေ့ဖြစ်ခဲ့ရပါသည်။
မိဘတိုင်းရဲ့မျှော်လင့်ချက်ရောင်ခြည်တစ်ဝက်မှာ ဆယ်တန်းဆိုတဲ့ပညာရေးအပိုင်းအခြား၌အာရုံရှိကြသလို...ကျောင်းသား/သူတိုင်းရဲ့
စိတ်ဖိစီးမှု့အများဆုံးကလဲ ဆယ်တန်းဆိုတဲ့ပညာရေးအပိုင်းအခြားလို့ပြောရမှာပါပဲ...။ဒီတစ်ဆင့်ပြီးရင်ကိုယ်ဘယ်လမ်းကိုဆက်လျှောက်မယ်၊
ဘာလုပ်မယ်၊ ကိုယ့်ရဲ့အနာဂတ်ကဘယ်လိုဖြစ်နေရမယ်ဆိုတာတွေရဲ့ အရေးအပါဆုံးအလှည့်အပြောင်းပေးနိုင်မဲ့ အချိန်အခါဆိုလျှင်လဲ
မှားနိုင်မည်မထင်ပေ။ထို့ကြောင့်ကြိုးစားရုန်းကန်ကြရသည်မဟုတ်ပါလား..။ ထိုထိုသောလူများထဲတွင် ကျွန်တော်သည်လဲအပါအဝင်ဖြစ်ပါသည်။နေ့စဉ်ရက်ဆက်ကြိုးစားအားထုတ်ရင်း ယခုမူအောင်မြင်မှု့ကိုဆွတ်ခူးနိုင်ခဲ့ပြီဖြစ်သည်။

Unbending Isosceles (U & I) (ခိုင်မြဲသောနှစ်နားညီတြိဂံ)Where stories live. Discover now