တဖြေးဖြေးကျဆင်းလာသော အသက်ရှုနှုန်းကြောင့်စိုးရိမ်ရသည့်အခြေအနေသို့ တမဟုတ်ချက်ချင်းပင်ရောက်ရှိလာခဲ့ပြီမို့ မိမိဘေးနား၌စိုးရိမ်ကြီးစွာရပ်ကြည့်နေသူအား ခပ်သွက်သွက်ပင်အမိန့်ပေးခိုင်းလိုက်ရ၏။
-ကျွန်တော့်အခန်းထဲမှာ EMSတစ်ခုရှိတယ် မြန်မြန်လေးယူလာခဲ့ပေးပါလား..
ကျွန်တော်ပြောလိုက်သော်လဲ မည်သည့်ပစ္စည်းအားယူခိုင်းသည်ကိုနားမလည်နိုင်မှန်းအမှတ်ရလိုက်မိပြီး ကျွန်တော်လိုချင်သည့်ပစ္စည်းအားလက်ဟန်အမူအရာပြကာယူခိုင်းလိုက်ပြီးမြန်မြန်ယူလာပေးဖို့ရာတောင်းဆိုလိုက်ပါသည်။ကျွန်တော့်စကားသံဆုံးသည်နှင့်အပြေးထွက်သွားသော သူမ၏ခြေသံကိုကြားလိုက်ရပြီး နောက်ဆက်တွဲ၌ခပ်မြန်မြန်ပြေးတက်လာသောခြေသံတချို့ကြောင့် ဝမ်းဗိုက်မှသွေးထွက်နေသောဒဏ်ရာအားလက်နှင့်ဖိထားရင်းလှည့်ကြည့်လိုက်ပါသည်။
ကျွန်တော်ပစ်ခိုင်းလိုက်သည့် သေနတ်သံကြောင့်ဖြစ်မည်ထင်သည် အရှေ့ဘက်၌ကင်းစောင့်နေသည်ဟုပြောသောသူများအပြေးအလွှားတက်လာကြခြင်းဖြစ်ကာ ထိုထဲမှခေါင်းဆောင်ဖြစ်သူအား...-"နန်းငယ်"..အစ်ကို့နားလာခဲ့..
ကျွန်တော်ခေါ်လိုက်သည်နှင့်သူမမှာအနားသို့ချက်ချင်းရောက်လာခဲ့ပြီး သူမအနောက်ဘက်၌ရှိနေသူများအား..
-ဖါ့လ်ကွာ (မြန်မြန်သွား)
ဟူသည့်ပြတ်သားသည့်အမိန့်ပေးသံကြားလိုက်ရကာ ဒဏ်ရာအားဖိထားသောကျွန်တော့်လက်နေရာသို့သူမ၏လက်မှာအစားဝင်ရောက်လာကာ သွေးတို့အဆက်မပြတ်ထွက်လာနေသည့်ဝမ်းဗိုက်နေရာအားသူမလက်နှင့်ဖိထားပေးလာသည့်အတွက် ကျွန်တော်လက်လွှဲပေးခဲ့လိုက်ပြီး
အသက်ရှုနေသေးလားသိနိုင်ရန် နှာခေါင်းအထက်သို့ကျွန်တော်လက်အားစမ်းသပ်လိုက်ပါသည်။အသက်ရှုမှု့ခပ်မျှင်းမျှင်းမှသာကျန်တော့သည်
ကိုသိလိုက်ရချိန်၌ပင် ကျွန်တော့်လက်ထဲ၌နောက်ထပ်လူနာတစ်ဦးထပ်မံအဆုံးရှုံးခံရတော့မည်ဟူသည့်ထိတ်လန့်ဖွယ်အသိစိတ်မှာ ရင်ထဲသို့ညစ်ညူးစွာဝင်ရောက်လာပါသည်။ ပြီးခဲ့လေသောရက်များတွင်သတိပြန်မလည်လာသေးသည်မှလွဲ၍ အတော်လေးသက်သာနေခဲ့ပြီဖြစ်သည့်ဒဏ်ရာအခြေနေမှာအဘယ်သို့ကြောင့်ယခုကဲ့သို့ ရုတ်တရက်အခြေအနေပြန်ဆိုးလာရသည်အားကျွန်တော်နားမလည်နိုင်ပါ။ကျွန်တော်တွေးနေစဉ် ထိုစဥ်ခဏ၌ပင်ကျွန်တော့်လက်သို့ခပ်ဖွဖွမျှ ထိခတ်နေသည့်လေတိုးနှုန်းလေးပင်ပျောက်ဆုံးသွားခဲ့လေတော့သည်။
YOU ARE READING
Unbending Isosceles (U & I) (ခိုင်မြဲသောနှစ်နားညီတြိဂံ)
Romance(Uni+Zawgyi) မည်သူတစ်ဦးတစ်ယောက်ကိုမှရည်ညွှန်းခြင်းမရှိပါ။ စာရေးသူ၏စိတ်ကူးယဉ်ဇာတ်အိမ်ဖွဲ့ထားခြင်းသာဖြစ်ပါသည်။