ပေးတိုင်းပြန်မရတာလည်း ကိုယ့်မေတ္တာတွေပါပဲ
အချစ်တွေပေးတိုင်း သိပ်ပေါနေတယ်လို့
ထင်မနေနဲ့ ဟန်နီ....ကိုယ့်အတွက်တော့ အချစ်ဆိုတဲ့
ဝေါဟာရဟာ မင်းနဲ့စပီး မင်းနဲ့ပဲအဆုံးသတ်တယ်.
မင်းကြောင့်ပျော်မယ်..မင်းကြောင့်ငိုမယ်
မင်းကြောင့်ပဲနာကျင်ချင်တယ်..
မင်းကြောင့်ပဲ ခံစားရချင်တယ်...
မင်းတစ်ယောက်တည်းကိုပဲချစ်မယ်...ကိုယ်ဟာမင်းနဲ့ပတ်သက်ရင်
စောက်ကျိုးနည်း Drama Queenပဲ
ဘာမဟုတ်တဲ့အပြုအမူလေးတွေ
စကားလေးတွေကို အဆုံးစွန်ထိတွေးပစ်မယ်
ပီးရင် တစ်ချောင်ချောင်မှာကြိတ်ငိုမယ်..
မင်းကိုယ့်ကိုမချစ်ပါဘူးလို့ သွေးရူးသွေးတန်းပြောမယ်..
ဒါမဲ့တကယ်လည်း မင်းကိုယ့်ကို မချစ်ပြန်ဘူး..ဒါကိုပဲ ကိုယ်က
ပေးဆပ်ရင်းချစ်မှာဆိုပီး ပျော်ပျော်ကြီး
အချစ်သူရဲကောင်းလုပ်ချင်သေးတာ...
ခပ်ရိုင်းရိုင်းပြောရရင်တော့ မင်းလိုမှ
နဖားကြိုးကောက်ထိုးတဲ့ နွားဘဝကို
ပျော်ပျော်ကြီးအဖြစ်ခံတယ်ပေါ့....မင်းနဲ့မှပဲ ကိုယ့်အတ္တတွေမာနတွေလည်း
တစစီ မြေပေါ်မှာပြန့်ကျဲလို့..
ဟာသပါပဲ..မင်းလိုလူနဲ့မှ.....
YOU ARE READING
N A R C I S S U S
Non-Fictionသူနဲ့သက်ဆိုင်သော အချစ် အမုန်း နားလည်မှု နာကြည်းမှု မွန္သမ်....