ဂရုမစိုက်မှုတွေနဲ့အသားကျလာတဲ့အခါ
မင်းရဲ့လျစ်လျူရှုမှုတွေကို အရင်လို
မျက်ရည်ကျလောက်အောင်
ခံစားမနေတော့ဘူး...
မင်းပစ်ထားတိုင်း ငိုယိုနေရအောင်
ကိုယ်ကလေးမှ မဟုတ်ပဲ ဟန်နီ...
ဒါပေမဲ့..တချို့တချို့သော ဒဏ်ရာတွေက
ဖော်ပြနိုင်စွမ်းမရှိလောက်အောင်ကိုနာကျင်ရတာ
မင်းသဘောပေါက်စမ်းပါ....မင်းကိုယ့်ကိုမချစ်ပါဘူးဆိုတဲ့သံသယဆိုးတွေကို
မင်းဖယ်ရှားပေးချင်စိတ်မရှိဘူးလား..ဟန်နီ
ဒီလိုပဲ ဆက်ပီး လျစ်လျူရှုမယ်ပေါ့...
အသွားသာရှိပီး အပြန်မရှိတဲ့
ကိုယ့်ချစ်ခြင်းမေတ္တာတွေကိုပဲ
မင်းက ဖောဖောသီသီ နင်းချေပစ်မယ်ပေါ့..
ဟုတ်လား...??အဆုံးသတ်မှာတော့
ချစ်ခြင်းတရားနဲ့စွဲလန်းမှုပေါင်းစီးသွားတဲ့
ကိုယ့်ရူးသွပ်မှုတွေရဲ့ တရားခံဖြစ်တဲ့
မင်းလောက် လောကကြီးက
ဘယ်အရာကမှစောက်ရေးမပါတော့တာပါပဲ...
YOU ARE READING
N A R C I S S U S
Non-Fictionသူနဲ့သက်ဆိုင်သော အချစ် အမုန်း နားလည်မှု နာကြည်းမှု မွန္သမ်....