ခင်ဗျား စိတ်လိုလက်ရ ပြုံးလိုက်တိုင်း
နစ်ဝင်သွားတဲ့ ပါးချိုင့်တစ်ဖက်မှာ
ကျနော့်ကမ္ဘာတည်တယ်....ကျနော့်အတွက်တော့ မြတ်နိုးမှုဆိုတာ
ခင်ဗျားရဲ့ မျက်လုံးဝိုင်းဝိုင်းတွေလေ..အချစ်ကိုအဓိပ္ပါယ်ဖွင့်ဆိုရမယ်ဆို
ခင်ဗျားရဲ့ နှုတ်ခမ်းထူထူတွေပဲပေါ့..ကြည်နူးရခြင်းဆိုတာ ခင်ဗျားညာဘက်
လက်ဖမိုးပေါ်က အမာရွတ်လေးကိုနမ်းရှိုက်မိချိန်ပဲ..မျက်ခုံးထူထူတွေကိုလည်း ကိုယ်သဘောကျတယ်..
လေးထောင့်မကျလှတဲ့ လက်သည်းခွံလေးတွေကိုလည်း
ချစ်နေမိပြန်ရော.....လူတစ်ယောက်ကို တစ်စိမ့်စိမ့် ထိုင်ကြည့်နေရုံနဲ့
ရင်ထဲကအချစ်တွေက တိုးလာနိုင်တဲ့ဆိုတဲ့စကား
ခင်ဗျားနဲ့မှပဲ ကျနော်ယုံကြည်တော့တယ်.....ဖြစ်နိုင်ရင်...အင်း..ဖြစ်နိုင်ရင်ပေါ့
ဘဝဆက်တိုင်း ခင်ဗျားတစ်ယောက်တည်းကိုပဲ ချစ်နေချင်တယ်... ကျနော် ကသူ့ကိုပဲ ချစ်မှာဗျလို့
တလောကလုံးကြားအောင် ဟစ်ကြွေးချင်တယ်..ကဗျာဆန်ဆန်ပြောရမယ်ဆို
ခင်ဗျား အတွက် ကျနော့်အချစ်က သက်တန့်တခုလိုပါပဲ...
အရောင်အသွေးစုံလင်စွာနဲ့လှပလွန်းပီး
အထိန်းကွပ်မရှိ အဆုံးသတ်မရှိဘူးပေါ့....ဒါနဲ့...စကားမစပ်...ခင်ဗျားရော ကျနော့်ကို ချစ်နေရဲ့လားဟင်??
YOU ARE READING
N A R C I S S U S
Non-Fictionသူနဲ့သက်ဆိုင်သော အချစ် အမုန်း နားလည်မှု နာကြည်းမှု မွန္သမ်....