ဘယ်တော့မှ မဝေးတော့ဘူးနော်လို့
ကတိတွေအထပ်ထပ်ပေးပီး ငယ်တို့ဝေးသွားခဲ့ကြတာပဲ...အရာရာအတူတူရင်ဆိုင်မယ်ပြောပြီး
ကိုသွေးကြောင်သွားခဲ့တာပဲ..အတူတူမက်ဖူးတဲ့အိပ်မက်တွေကလည်း
အတိတ်မှာ ပေါပေါပဲပဲပြဇာတ်တွေလို..အတူတူစီစဉ်ထားခဲ့တဲ့အနာဂတ်တွေကလည်း
လမ်းတစ်ဝက်မှာ မွစာကိုကျဲလို့..ကို့ကို အခွင့်အရေးတစ်ကြိမ်ပဲထပ်ပေးပါ
နောက်ထပ်တစ်ခါပဲ ထပ်ယုံကြည်ပေးပါတဲ့..ငယ့်မှာတော့ခဲမှန်ဖူးတဲ့စာသူငယ်လိုပဲ
ကို့ကိုလည်းမယုံတော့ဘူး..
ချစ်ခြင်းမေတ္တာကိုလည်းမယုံတော့ဘူးလူတိုင်းကအံ့ဩယူရလောက်အောင်
ငယ် ကို့အပေါ်နားလည်မှုတွေပေးခဲ့တဲ့
အချိန်တွေကို တကယ်လွမ်းတယ်..
သည်းသည်းလှုပ်ချစ်ခဲ့ကြတဲ့နေ့တွေ
တစ်နာရီလောက်စကားမပြောရရင်တောင်
မခံစားနိုင်လောက်အောင် လွမ်းကြတဲ့နေ့တွေတစ်ယောက်လက်ကိုတစ်ယောက်ဆွဲလို့
ရန်ကုန်မြို့က လမ်းမတွေပေါ်ပျော်ပျော်ကြီး
လျှောက်ခဲ့ကြတဲ့နေ့တွေ...
အိမိပြန်ချိန်တိုင်း မွတ်သိပ်စွာ
ကြင်နာစွာ ပြင်းပြစွာနဲ့
ဖလှယ်ခဲ့ကြတဲ့ မရေမတွက်နို်င်သော
အနမ်းတွေ...
ငယ် အမှတ်တရတိုင်းကို
နည်းနည်းလေးမှမမေ့မလျော့ သတိရနေခဲ့ပါတယ်.....ခါးခါးသီးသီးပါပဲ..ကိုမရှိတော့တဲ့
နေ့ရက်တွေဟာ ငယ့်အတွက်
သေဆုံးပစ်ချင်စရာကောင်းလောက်အောင်
ခါးခါးသီးသီးပါပဲ...ကို့ဘဝထဲက ငယ့်ကို
ဖယ်ထုတ်လိုက်ရတဲ့
ကို့ပစ္စုပ္ပန်နေ့ရက်တွေမှာ
ကိုပျော်နေရဲ့လား???
YOU ARE READING
N A R C I S S U S
Non-Fictionသူနဲ့သက်ဆိုင်သော အချစ် အမုန်း နားလည်မှု နာကြည်းမှု မွန္သမ်....