'အာ..သေစမ်း!'
မီးပွိုင့် က မီးဝါသို့ပြောင်းသွားတာကြောင့် Yuri
ရဲ့ ဆိုင်ကယ်မှ ကျွီခနဲ ထိုးရပ်သံ ထွက်ပေါ်လာသည်။'ကျောင်းစတက်ရမဲ့ နေ့မှာ ကျောင်းနောက်ကျတော့မှာပဲ
ငါ့နှယ်'Yuri တစ်ယောက် ဘယ်သို့ တစ်ခါ ညာသို့ တစ်ချက်
ဝှေ့ယမ်းကြည့်လိုက်ကာ အ၀ါရောင်အချက်ပြ မီးလုံးက သူမအတွက် အဓိပ္ပါယ် တစ်မျိုးသို့ ရုတ်ချည်းပြောင်း
သွားသည်။
အခြားသူတွေအတွက်တော့ အရှိန်လျော့ရမဲ့ မီးဝါဖြစ်ပေမဲ့ Yuri အတွက်ကတော့...အရှိန်ကို မိုင်ကုန်တင်ပြီးမောင်းပေတော့
Kwon Yuri!!ကံမကောင်းတာက သူမဆိုင်ကယ်ကို လီဗာ 20နဲ့
အရှိန်မြှင့်လိုက်တယ်ဆိုရင် ကားတစ်စီးအနေနဲ့ကတော့
၄၀ နဲ့ အရှိန်မြှင့်လာသလိုပါပဲ။အာာားးးး!!!!!!
Yuri တစ်ယောက် လမ်းထောင့်မှာ လဲကျနေတုန်း
သူမကို တိုက်မိခဲ့တဲ့ ကားက သူမနဲ့ မဝေးတဲ့နေရာမှာ ထိုးရပ်လိုက်သည်ကို တွေ့လိုက်ရသည်။'Ommo miss?..အဆင်ပြေရဲ့လား?!!'
Yuri သေတော့မသွားပါဘူး..ဒါပေမဲ့ ကားနဲ့တိုက်ခံရပြီး လမ်းပေါ်မှာ လဲကျနေတာကတော့
ရှက်ဖို့ကောင်းနေတယ်မလား'ငါ..ငါ..ငါ..ငါ..ငါ'
ပြီးတော့ သူမကို စိုးရိမ်တကြီးကြည့်နေတဲ့ ထို သမင်
မျက်လုံးလေးလို လှပတဲ့ မျက်ဝန်းလေးတွေ..
ထို အပြစ်ပြောစရာ အနာအဆာ မရှိတဲ့ မျက်နှာလေး..
OMo!နတ်သမီးလေးကို သူမ တွေ့နေရတာပဲ!'Miss??'
နတ်သမီး မိန်းကလေးက သူမကိုမေးနေတယ်။အိုး..နေပါဦး..ဘာတွေဖြစ်ကုန်တာလဲ??
အာ..ငါ ကားတိုက်ခံခဲ့ရတာပဲ'ငါ့ကို စိတ်မပူပါနဲ့'
Yuri ရှက်ရှက်နဲ့ ရယ်ကျဲကျဲဖြေလိုက်သည်။'ဘယ်လိုလုပ်ပြီး စိတ်မပူဘဲ နေရမှာလဲ..ကျွန်မ
ရှင့်ကို တိုက်မိသွားတာလေ..အနည်းဆုံးတော့
ဆေးရုံကိုလိုက်ပို့ပေးပါရစေ'