ပထမအပိုင်းက Yoongieရဲ့ point of view လေးပါ😊..
................................
မေးခွန်း>>မီးပွိုင့် ရဲ့ အ၀ါရောင် အချက်ပြမီးရဲ့ အဓိပ္ပါယ် က???🚦
(၁) မြန်မြန်သွား
(၂) ဖြည်းဖြည်းသွားဒါမှမဟုတ်..Im Yoonaရဲ့ styleနဲ့လဲသွားလို့ရတာပဲ😎
(၃)ဘာကိုမှ ဂရုမစိုက်ဘူး
သူမ ကားမောင်းနေရင်းပင် တစ်ဖက်မှာလဲ သူမရဲ့ မျက်တောင်ကို mascara ခြယ်ဖို့လုပ်နေသည်လေ။
(အဆန်းကြီး😧)
ဒါပေမဲ့ သူမကားရှေ့ကို ဆိုင်ကယ်တစ်စီးက ၀င်
ဖြတ်သွားတဲ့အခါမှာတော့..အာာားးးး!!!!!
'ဟင်..ငါ သူများကိုတိုက်မိသွားပြီ'
Yoona ကားထဲကနေ အမြန်ထွက်လာတော့ အတိုက်ခံရတဲ့ကောင်မလေးက ညည်းတွားနေပြီး
မြေပေါ်မှာ ဘောလုံးလေးလို လူးလိမ့်နေသည်..'OMO,Miss? အဆင်ပြေရဲ့လား'
နက်ပြီးရှည်လျားတဲ့ ဆံပင်နဲ့ ကောင်မလေးက
သူ့ကို ကြောက်နေတဲ့ Puppy လေးတစ်ကောင်လို
မျက်ဝန်းတွေနဲ့ ကြည့်နေလေရဲ့..
အဲ့ဒီအချိန်မှာ Yoona အလုပ်ချင်ဆုံး တစ်ခုပဲ
ရှိခဲ့ပါတယ်။ ကောင်မလေးကို လုံလုံခြုံခြုံကာကွယ်ပေးဖို့..'ငါ..ငါ..ငါ..ငါ..ငါ..'
ကောင်မလေးက တုန်ယင်စွာ စကားစသည်။
'Miss?'
Yoona ထပ်မေးလိုက်တော့ ကောင်မလေးက
ဖြေးဖြေးချင်းထလာသည်။
Yoona အံ့သြမိတာက ကောင်မလေးရဲ့ခြေထောက်တွေ တုန်ယင်နေပေမဲ့
မရရအောင် မတ်တတ်ရပ် နေတာကိုပါ။'ငါ့ကို စိတ်မပူပါနဲ့'
'ဘယ်လိုလုပ်ပြီး စိတ်မပူဘဲ နေရမှာလဲ..ကျွန်မ
ရှင့်ကို တိုက်မိသွားတာလေ..အနည်းဆုံးတော့
ဆေးရုံကိုလိုက်ပို့ပေးပါရစေ''ရတယ် ရတယ်..ဟားဟား...ငါအဆင်ပြေပါတယ်..နောက်တစ်ခါကို ဒီလိုမဖြစ်အောင် ဂရုစိုက်မောင်းပေါ့'