3

1.1K 148 0
                                    

ဘောလုံးကစားပြီးတာနဲ့ ကိုယ်လက်သန့်စင်ရန် ရေစင်ကိုရောက်လာတော့ ရှေ့ကနေ လက်ပိုက်ကာ ပိတ်ရပ်လိုက်သည့် Kai ကြောင့် မျက်နှာကို တမင်ရှုံ့မဲ့လိုက်ရင်း

" ဒါဘာလုပ်တာလဲ … ငါ့ရှေ့ကနေ ဖယ် "

ခနော်ခနဲ့ပြုံးလိုက်သည့်သူ

" သတိပေးစကားလေးတော့ အလိုက်တသင့် နားထောင်ပေးသင့်တာပေါ့ jongin "

ထွီ!!…ဒင်းက ဘာကောင်မို့လို့ နားထောင်ရမှာလဲ။

" မင်းကို Hunnie ဘေးမှာ မမြင်ချင်ဘူး "

အရယ်ရဆုံး ပြက်လုံးတစ်ခု ကြားလိုက်ရသလိုပဲ။

အဲဒီတော့ သူပြောတဲ့အတိုင်းလုပ်ပေးရမယ်ပေါ့ ဟုတ်လား။ ဝေးပါသေးတယ်။

Kim Jonginဆိုတာ မင်းပြောသမျှ နာခံမဲ့ Oh Sehun လို လူမဟုတ်ဘူးဆိုတာ လာမပြောခင်ထဲက မင်းသိထားသင့်တာ။

"မင်းပြောတိုင်း ရှောင်ပေးစရာလား "

" သိပါတယ် ဘယ်ရှောင်ပေးမလဲ …မင်းက ကိုယ်လည်းမစားရပါပဲနဲ့ သူများစားသွားမှာလည်း မလို မစားရတဲ့အမဲ သဲနှင့်​ပက်​​နေတဲ့ ​ကောင်​ဆို​တော့"

" ဘာကွ … တောက် … မိုက်ရိုင်းလိုက်တာ … "

အကျီ င်္ကော်လံစကို ဆွဲဆုပ်ပြီး သူ့မျက်နှာကို လက်သီးနှင့် နှစ်ချက်သုံးချက်ပစ်ပီး ဆင့်ထိုးလိုက်သည်။

သူက ရေစင်ကန်ဘက်ကို နောက်ပြန်ဖင်ထိုင်လျက် လဲကျသွားပြီး အထိုးခံထားရတဲ့ မျက်နှာတစ်ဝိုက်က ဖြူဖွေးဥနေတဲ့အသားအရေကြောင့်လားမသိ ချက်ချင်း ညိုမဲဖူးယောင်လာကာ နှုတ်ခမ်းစတဝိုက်က သွေးတွေစီးကျလို့။

သွားပြီ … ဒီပုံစံအတိုင်းသာ သူ့ကို Hunမြင်လို့ကတော့ ကျွန်တော့်ကို သတ်ပစ်ချင်လောက်အောင် စိတ်ဆိုးသွားတော့မှာ။

ဒေါသကို မဆင်ခြင်မိသည်က မှားသွားပြီဆိုတဲ့ နောင်တတစ်ခုသာရလိုက်ပြီး ဘာဖြစ်ဖြစ် လွန်​သွားပြီမလို့ Hunကို ရင်ဆိုင်ဖို့သာ သတ္တိမွေးရပေတော့မည် ။

" မင်းလုပ်ရက်က သိပ်ကို မှားသွားပြီ jongin "

စီးကျနေတဲ့ နှုတ်ခမ်းတဝိုက်က သူ့သွေးတွေကို လက်ခုံဖြင့်ပွတ်သတ်ကာ ဆိုလိုက်သည် ။

To VenusWhere stories live. Discover now