4

1K 143 0
                                    

"တစ်ယောက်ထဲလား "

ကျောင်းဆင်းလမ်းမှာ ဘေးနားကိုယှဉ်ရပ်လာပြီး မေးလာသူကို မော့ကြည့်ပြန်တော့ Chanyeol ဖြစ်နေသည်​...။

အရင်​တုန်းက​တော့ တစ်​​ယောက်​တည်းမဟုတ်​ခဲ့​ပေမဲ့ Sehun နှင့်​ Kai စတွဲထဲက ကျွန်​​တော့်​ အိမ်​ပြန်​လမ်း​တွေ ​ခြောက်​​သွေ့ခဲ့တာ ကြာခဲ့​လေပြီ။

" Hunက သူ့ကောင်လေးနဲ့ ပြန်နေကျ ... အဲတော့ ငါတစ်ယောက်ထဲပဲပေါ့ "

ကျွန်တော့်ပါးစပ်ကနေ Hunနာမည်ထွက်တာ Chanyeol မကြိုက်ဘူးထင်ပါရဲ့ တစ်ချက်တော့ မျက်နှာညှိုးသွားသေးသည်။

" ခေါက်ထားလိုက်စမ်းပါ Jongin ... အဲလို ကိုယ့်ကိုစာရင်းထဲမသွင်းတဲ့ကောင်အစား ကိုယ့်ပျော်ရွှင်မှု တခြားတစ်ယောက်နဲ့ ဖန်တီးလိုက်စမ်းပါ "

Chanyeol ပုံစံကြည့်ရသည်မှာ ကျွန်တော်ရဲ့ Hunကို တော်တော်လေး မျက်မုန်းကျိုးနေသလို။

ဟုတ်လည်းဟုတ်ပါတယ် သူသာ ကျွန်​​တော့်​ဆီ စာ​တွေလက်​​ဆောင်​​တွေ ပို့​ပေး​နေခဲ့သည့်​ Angel​လေးသာ ဖြစ်​​နေခဲ့ရင်​ ဘယ်တုန်းကများ ကျွန်တော့်ရဲ့ Angelလေးက Hun ကို အကောင်းပြောဖူးလို့လဲ။

" ဒါပေမဲ့ ငါ့ရဲ့ပျော်ရွှင်မှုက သူနှင့်ပဲ တိုက်ရိုက်သက်ဆိုင်နေတယ်မလား... "

" မဖြစ်နိုင်တာ ... အဲဒါ မင်းတယူသန်နေတာ ... မယုံရင် ငါနှင့်လိုက်ခဲ့ ... ကိုယ့်ရဲ့ ပျော်ရွှင်မှုကို ကိုယ်ကိုယ်တိုင် ဖန်တီးယူလို့ရတယ်ဆိုတာ သက်သေပြပေးမယ် "

ကျွန်တော့်ရဲ့ လက်ကိုဆွဲပြီး Chanyeol သူ့ကားရှိရာဆီသာ ဆွဲခ်ါသွားသည်။

" ဘယ်သွားမလို့လဲ Chanyeol "

သူက ကျွန်တော့်မျက်နှာကို သူ့လွယ်အိတ်ထဲက ပုဝါနဲ့ ထုတ်ချည်လိုက်ပြီး

" ဒီတိုင်းလိုက်ခဲ့ ဟိုရောက်ခါ သိလိမ့်မယ် "

ဖြတ်သွားဖြတ်လာဆူညံနေတဲ့ ကားသံတွေကြားရသည်ကလွဲလို့ ကျွန်တော် ဘာမှမမြင်ရတော့။

..................... To Venus ........................

လေတွေတဟူးဟူး တိုက်နေတာ ကြား​နေရ​ပေမဲ့ ။

To VenusWhere stories live. Discover now