သူငယ်ချင်း အားလုံးရဲ့ ဂုဏ်ပြုစကားတွေအောက် ရှက်ကာ ရယ်နေခဲ့သည့် ကျွန်တော်တို့နှစ်ယောက်ကို စူးစိုက်ကြည့်နေခဲ့သည့် Hunတို့စုံတွဲကြောင့် ကျွန်တော့်ရဲ့ အပြုံးတို့ဟာ ရုတ်ချည်းပျောက်ကွယ်သွားရသည်။
" Baby .. Hun မျက်စိထဲ အမှူန်ဝင်သွားလား မသိဘူး.. ကြည့်ပေးဦး"
ဘာမဖြစ်ပါပဲ ကျွန်တော်ရှေ့မှာမလို့ ပိုပြီးအကဲပိုပြနေသည့် Hunကို Kai က စိုးရိမ်မှုအပြည့်ဖြင့် သူ့ရဲ့ နှုတ်ခမ်းဖူးဖူးတို့နဲ့ ခပ်ဖွဖွမှုတ်ပေးနေချိန် ထိုမြင်ကွင်းကို မြင်နေရတဲ့ကျွန်တော်က ဟန်မဆောင်နိုင်စွာ မျက်နှာပျက်နေသည်ကို Chanyeol မြင်သွားကာ Hunတို့ စုံတွဲကိုကြည့်ရင်း အခန်းထဲက ခြေဆောင့်ထွက်သွားခဲ့သည်။
" Chanyeol…ဘာဖြစ်လို့လဲ အတူတူပြန်မယ်"
သူ့လက်ကို လှမ်းဆွဲလာသည့် ကျွန်တော့်လက်ကို Chanyeolက ခါထုတ်ပစ်လိုက်ကာ
"ဒီနေ့ ကျောင်းဆင်းရင် ငါ့အိမ်ကိုလာကြိုခိုင်းလိုက်မယ်…မင်းလည်း ကလေးမှ မဟုတ်တာ…ကိုယ့်အိမ်ကိုတော့ ပြန်တတ်မှာပါ"
ကျောခိုင်းထွက်သွားခဲ့သည့်သူ့ကို မတားမိသလို အခုချိန်ထိ Hun နှင့် ပတ်သက်ရင် ဟန်မဆောင်တတ်သေးသည့် ကျွန်တော့်ကိုသာ မုန်းမိတော့သည်။
……………………………………………………………………
သူရည်းစားရပြီးထဲက ကျွန်တော့်အိမ်ကို ခြေဦးတောင် မလှည့်ခဲ့တဲ့ Hunက ဒီနေ့တော့ ထူးဆန်းစွာ ကျောင်းပိတ်ရက်ဖြစ်နေတာတောင် Kai နှင့် သွားမလည်ပဲ ကျွန်တော့်အိမ်ကို ရောက်လာခဲ့သည်။
" မင်းနှင့်တွဲနေတဲ့ Chanyeol ဆိုတာ…Kai နဲ့ တစ်ခန်းထဲဆို"
တစ်ကယ်တော့ သူရောက်လာခဲ့သည့် အကြောင်းရင်းက ကျွန်တော့်ကို တွေ့ချင်၍ မဟုတ်ပဲ Kai အတွက်ရောက်လာခဲ့ခြင်းသာ။
"အင်း…သူတို့က Music ပိုင်းဆိုတော့ Majorအတူတူ တစ်ခန်းထဲပေါ့"
မှိုင်ဖျော့သွားသည့် Hunကြောင့် စိုးရိမ်မိတာက Kai နဲ့ အဆင်မပြေတော့လို့များလား။
အခုဆို အရင်တုန်းကလို ကျောင်းမှာ အမြဲတတွဲတွဲ မတွေ့ရတာကြာပြီ။
ဒီနေ့လို ပိတ်ရက်တွေဆိုတာ အရင်ကဆို သူတို့ရဲ့ Dating Day တွေပဲမလား။
"သူအရင်လို မဟုတ်တော့ဘူး …ငါ့ဆီလည်း Phone တွေမဆက်ဘူး…ငါ့ဘက်ကစဆက်ရင်လည်း အကြောင်းတစ်ခုခုပြပြီး ချပစ်တာချည်းပဲ…ငါ့ကိုလည်း ရှောင်နေသလို ခံစားရတယ်…မင်းနှင့် Chanyeol တွဲတာ မြင်ပြီးတဲ့နေ့ထဲက သူပြောင်းလဲသွားတာ…သူ Chanyeol အပေါ် ခံစားချက်ရှိနေတာများလား"
တစ်ကယ်တမ်း Hun ဘက်က ရင်ဖွင့်လာပြန်ရင်လည်း လျစ်လျူမရှုနိုင်ခဲ့သည်က ကျွန်တော်သာ။
သူ ကောင်းသည် ဖြစ်စေ…ဆိုးသည်ဖြစ်စေ…သူက ကျွန်တော့်အတွက် ငယ်ငယ်ထဲက ရင်းနှီးလာခဲ့တဲ့ အနီးကပ်ဆုံး သူငယ်ချင်းပဲမလား။
တစ်ခုခုဆိုလည်း သူ့ခံစားချက်ကို မျှဝေခံစားပေးနိုင်သူဟာ ကျွန်တော်ပဲရှိသည်ဆိုတော့ အခုလိုအချိန်မှာ သူကျွန်တော့်ကို သတိရပေးတာကိုပဲ ကျေးဇူးတင်မိသည်။
"အစထဲက သူသဘောကျရင် Chanyeolကိုပဲ ရွေးမှာပေါ့…နှစ်စထဲက တစ်ခန်းထဲဟာ…မင်းစိတ်ထင်လို့နေမှာပါ"
ကျွန်တော် အခုချိန်မှာ Hun အတွက် လုပ်ပေးနိုင်တာ နှစ်သိမ့်စကားဆိုပေးမှုသာ။
အရင်တုန်းကတော့ သူနှင့် Kai အဆင်မပြေရင်ကောင်းမယ်ဆိုပြီး တွေးမိခဲ့ပေမဲ့ တစ်ကယ်တမ်း အဆင်မပြေလာတဲ့အခါ သူ့နာကျင်မှုတွေကြောင့် ပြန်အဆင်ပြေမိစေချင်တာ စိတ်ရင်းအမှန်ဆိုပေမဲ့လည်း ကျွန်တော့်ရဲ့ ဆုတောင်းတွေမပြည့်ဝခဲ့။
……………………………………………………………
" Sehun နှင့် Kai ပြတ်သွားပြီတဲ့…Kai ဘက်က စဖြတ်လိုက်တာဆို"
စာကြည့်တိုက်မှာ ကျွန်တော်နှင့် Chanyeol စာအုပ်ဖတ်နေဆဲ အခန်းရှေ့က ဖြတ်သွားတဲ့ ကျောင်းသားတွေရဲ့ စကားကြောင့် ဖတ်လတ်စ စာအုပ်ကို ပိတ်ပြီး ထရပ်လိုက်သည်။
" ငါ Hun ဆီကို သွားမှ ဖြစ်မယ်ထင်တယ်…ဘာပဲပြောပြော ငါက သူ့သူငယ်ချင်းပဲ…ဒီအချိန်မှာ သူ့ဘေးနား ရှိနေသင့်တယ်"
ကျွန်တော်က ပြောနေပေမဲ့ Chanyeol ဘက်က တုံ့ပြန်မှု ကင်းကာ တိတ်ဆိတ်လို့။
သူ မည်သို့ မည်ပုံ ကျန်နေခဲ့မည်ကို ကျွန်တော် စိတ်မဝင်စား။ ကျွန်တော် အခုချိန်မှာ စိတ်ပူမိသည်က Hunကိုသာ။
………………… To Venus ……………
T.B.C.
YOU ARE READING
To Venus
Short Storyအမှန်တရားအချို့ဟာ လက်မခံနိုင်ရဲလောက်အောင် ခြောက်ခြားဖွယ်ရာကောင်းလာတဲ့အခါ ကိုယ်ဟာ မိုက်ရူးရဲစွာဖြင့် တစ်ချိန်က အကြိမ်ကြိမ် လှည့်စားခံခဲ့ရသော မုသားတို့ကိုသာ အရူးအမူးပြန်လည် တောင့်တမိလေရဲ့