11

1.1K 124 0
                                    

"ဘူဆန်​ဘက်​မှာ Kai ဝယ်​ထားတဲ့တိုက်​ခန်းရှိတယ်​ သူအဲဒီကို သွားမလားမသိ"ဆိုပြီး Chanyeol ​ပြောလာတာ​ကြောင့်​ ကျွန်​​တော်​တို့ နှစ်​​ယောက်​ ဘူဆန်​ကို ​ရောက်​လာကြသည်​။

Chanyeol ​ပြောသည့်​အတိုင်း ကွန်​ဒို​အောက်​က ကားပါကင်​မှာ Kai ကားကို ​တွေ့လိုက်​ရသည်​။

"8ထပ်​က အခန်းနံပါတ်​က 88"

Chanyeol ​ပြောလိုက်​တာနဲ့ ဓာတ်​​လှေကားထဲ​ရောက်​​ရောက်​ချင်း ရှစ်​ထပ်​​မြောက်​ကို သွားဖို့ နံပါတ်​ 8 ကိုနှိပ်​လိုက်​သည်​။

"အခန်းထဲဘယ်​လို ၀င်​မလဲ Chanyeol"

"အရင်​တုန်းက ဘူဆန်​ကို သူနဲ့ မကြာခဏ လာလည်​ဖူး​တော့ pw​တော့ငါသိတယ်​ အရင်​အတိုင်း passward မ​ပြောင်းထားရင်​​တော့ ၀င်​လို့ရမယ်​ ထင်​တယ်​"

ကျွန်​​တော်​ဆု​တောင်းမိတာက​တော့ pw မ​ပြောင်းထားပါ​စေနဲ့လို့သာ​​။

အခန်း​ရှေ့​ရောက်​​တော့ Chanyeol က အ၀င်​တံခါး​မှာ တပ်​ထားသည့်​ passward နှိပ်​လိုက်​တာနဲ့ အခန်းတံခါးက ပွင့်သွားသည်​။

ဧည့်​ခန်းထဲမှာ တစ်​​ယောက်​မှ ရှိမ​နေတာ​ကြောင့်​ အိပ်​ခန်းထဲဝင်​လာ​တော့

အိပ်​ရာ​ပေါ်မှာ Sehunရဲ့ လက်​နှစ်​ဖက်​နှင့်​ ​ခြေ​ထောက်​နှစ်​ဖက်​ကို ကြိုးဖြင့်​တုပ်​​နှောင်​ထားပြီး  ​ကြောက်​မက်​ဖွယ်​ မျက်​လုံး​တွေနဲ့ စိုက်​ကြည့်​​နေသည့် Kai

ကျွန်​​တော်​နှင့်​ Chanyeolကို မြင်​လိုက်​​တော့ Kai မျက်​နှာအကြီးအကျယ်​ ပျက်​သွားကာ

"တစ်​​ယောက်​မှ ​ရှေ့တိုးမလာနဲ့" ဆိုလိုက်​သလို သူ့လက်​ထဲမှာလည်း မီးခြစ်​ကိုင်​ထားသည်​။

"Jongin Ah .... သူ ဒီအခန်းကို ဓာတ်​ဆီ​တွေ​လောင်းထားတယ်​...ငါ့ကို မီးရှို့ သတ်​မလို့တဲ့"

Hunက​ကြောက်​လန့်​​နေတာ​ကြောင့်​ ကျွန်​​တော့်​ကို အားကိုးတကြီးဆိုလာ​တော့

ဖြောင်း...

ကျယ်​​လောင်​လှတဲ့ ရိုက်​ခက်​သံထွက်​လာသလို

To VenusWhere stories live. Discover now