မင်္ဂလာပါ ။
ဒီစာအုပ်လေးကို ရေးရတဲ့အကြောင်းရင်းကတော့ ထွေထွေထူးထူးသိပ်မရှိပါဘူး ။ အားလုံးလည်း သိပြီးသားဖြစ်မယ့်အတိုင်း Wang Ziyi ဆိုတဲ့ကောင်လေးနဲ့ Cai Xukun ဆိုတဲ့ ကောင်လေး နှစ်ယောက်ရဲ့ ရေစက်ကိုသူ့တို့အစား ဒိုင်ယာရီသဘောလေး ရေးပေး သွားမှာပါ ။
သူတို့နှစ်ယောက်နဲ့အတူတူ အချိန်တွေကို လိုက်ပါဖြတ်သန်းကြည့်ရအောင်လားနော် ။
အချိန်တိုင်းကတော့ ပျော်စရာတွေချည်းဖြစ်နေနိုင်မယ်လို့တော့ အာမမခံနိုင်ဘူးပေါ့ ။ ဒါပေမဲ့ နောက်မှာကျန်ခဲ့ရင်ေ တာင် ကျေနပ်စရာကောင်းတဲ့ လွမ်းမောခြင်းတွေ ဖြစ်ခဲ့မယ်ဆိုလည်း ဒါဟာ ထိုက်တန်တယ်လို့ယူဆမိပါတယ် ။
စိတ်ကူးယဉ်အိပ်မက်တစ်ခုပဲ ဖြစ်နေခဲ့မယ်ဆိုရင်တောင်တန်ဖိုးထားရတဲ့ အတိတ်ကလေးတစ်ခုအဖြစ် ကျန်ရှိနေမယ်လို့ ယုံကြည်ပါတယ် ။
လက်ရှိတော့ ( ဖြစ်မလာသေးတဲ့ကိစ္စတွေကို တွေးပူမနေပါနဲ့ ။ လာ ... အတူတူရှိတုန်းခဏလေးလည်း ငါတို့တစ်လောကလုံးကို မေ့ထားပြီး ပျော်နေလို့ရတာပဲ ~ )
နောက်တစ်ခုက ဒီ book လေးကို zikun မ ship တဲ့သူ မဖတ်တာအကောင်းဆုံးထင်ပါတယ် ။ ဘာဖြစ်လို့လဲ ဆိုရင် ကျွန်တော်က သူတို့နှစ်ယောက်ကြားထဲက အပြုအမူသေးသေးမွှားမွှားကအစ လိုက်ကြည့်ခံစားပြီး ရေးထားမှာမို့ သဘောထားမတိုက်ဆိုင်တာမျိုး ရှိမှာ စိုးတဲ့အတွက်ကြောင့်ပါ ။
ဟုတ်ကဲ့ ။
အားလုံးပဲ ကောင်းသောနေ့လေးကိုပိုင်ဆိုင်နိုင်ပါစေ ...
May 15th 2018, 12:30 AM.