2 | Create

822 88 1
                                    

☆ I CREATE MY OWN DESTINY ☆
★ TO MEET HIM ★

Rapper တစ်ယောက်အနေနဲ့ vocal ပိုင်းလိုက်ရတဲ့
အခါ အခက်အခဲလေးတွေတော့အနည်းနဲ့အများရှိတာပေါ့ ။

Theme song က vocal ကိုတအားကြီးအားစိုက်
ထုတ်ရတဲ့သီချင်းမျိုးမဟုတ်ပေမဲ့ လေ့ကျင့်ချိန်သုံးရက်တည်းယူရတဲ့အတွက်ကြောင့် တကယ့်တကယ် ကင်မရာရှေ့ရပ်ရဖို့တော့ စိုးရိမ်နေသေးတယ် ။

" ဘယ်သူအရင်သွားမလဲ "

" နှစ်ယောက်စလုံးဘယ်သူအရင်သွားသွားလေ "

" မင်းသွား "

" ငါအရင်လား ကောင်းပြီလေ "

Xukun ကလေသံလေးနဲ့ပဲရှတတလေးပြောနေတော့ Ziyi ကလည်း တိုးတိုးလေးပဲ ။ နံဘေးမှာထိုင်နေတဲ့ လေးယောက်က ကဲသာလှမ်းကြည့်နေတယ် ။ သူတို့ကဘေးလူတွေပဲ ဖြစ်နေရသလိုလို ။

လက်ဝါးချင်းရိုက်ပြီး ပုခုံးချင်းကိုတိုက်ဖြစ်အောင် တိုက်လိုက်သေးတယ် ။

အဆင်ပြေပြေပြီးသွားတယ်လို့ ထင်ရတာပါပဲ ။ အားလုံးထဲမှာ အကောင်းဆုံးလုပ်နိုင်သူကတော့ Xukun ပေါ့ ။ သူယုံကြည်လိုက်မိတာပါပဲ ။

Ziyi က Xukun ကို လက်မလေးနှစ်ချောင်းထောင်
ပြလိုက်တယ် ။ ချီးကျူးစကားကို ရှက်သလိုလေးနဲ့ ဒူးခေါင်းအား လာပွတ်တဲ့ Xukun ... ။

ဒုတိယအကြိမ်မြောက် Rank သတ်မှတ်တော့ သူ့နာမည်အခေါ်မှာပဲ Ziyi မှာစိတ်တွေလှုပ်ရှားနေပြီ ။ ပခုံးလေးကိုလာဖက်ပြီး စိတ်မပူနဲ့လို့ပြောနေသယောင်မျက်ဝန်းတွေကိုတောင် သူကြာကြာမကြည့်လိုက်နိုင်ဘူး။

ခုံတွေဆီပြန်လျှောက်လာတဲ့ Ziyi ကိုကြည့်နေသော Xukun ရဲ့မျက်နှာဟာ ညှင်းသိုးသိုးနိုင်လှတယ် ။ သူ့မျက်ဝန်းတွေမှာ စိတ်လှုပ်ရှားစိုးရိမ်နေပုံကအတိုင်းသား။

Rank B မှာရပ်လိုက်တဲ့ Ziyi . အပြောင်းအလဲဆို
တာကိုလက်ခံနိုင်တာဟာ ကြိုးစားမှုနဲ့အကောင်အထည်ဖော်ဖို့စိတ်ဓာတ်ခွန်အားတစ်ခုရလိုက်သလိုပါပဲ ။

ထိပ်ဆုံးမှာမပြောင်းမလဲရပ်နေတဲ့ Xukun ကို သူမကြာခဏလှည့်ကြည့်နေတယ် ။ Theme song အ
တွက် Center ရွေးမယ်ဆိုတဲ့ကြေငြာချက်မှာ ယုံကြည်တဲ့ အကြည့်တစ်ခုနဲ့ အားပေးလိုက်တဲ့သဘော ခေါင်းငြိမ့်ပြတဲ့အခါ အသက်ပြင်းပြင်းရှုနေတဲ့ကောင်လေးက သက်သာရာရသလို ခေါင်းပြန်ငြိမ့်ပြတယ် ။

Ziyi ရဲ့ယုံကြည်ရာကမပြောင်းလဲဘူး ။ အဆုံးသတ်မှာCenter ဆိုတဲ့နေရာကို Xukun ပဲရခဲ့တာပေါ့ ။ ဒီကောင်လေးမှာ သူမတူတဲ့ဆန်းသစ်တဲ့ စိတ်ကူးဥာဏ်တွေရှိတယ် ။ သူ့ထက်ငယ်ပေမဲ့ အငယ်တစ်ယောက်လို မထင်မြင်ရစေတဲ့ ရင့်ကျက်ခြင်းတွေနဲ့ တိုင်ပင်ဆွေးနွေးချင်စရာ မိတ်ဆွေလိုစိတ်ထဲမှာရင်းနှီးရတယ် ။

ပထမဦးဆုံး Performance အတွက် ဦးစားပေးခံ
လိုက်ရတဲ့ ကောင်လေးမှာ ခပ်မြူးမြူးလေးခုံပေါက်နေတယ် ။ Xukun ဟာ သူ့အတွက်မှန်ကန်တဲ့ရွေးချယ်မှုတွေကိုပဲ ဆက်တိုက်လုပ်နေတယ် ။ သီချင်းရွေးပြီးတဲ့အခါ အဖွဲ့ဝင်ရွေးရတယ် ။ အားလုံးစိတ်ဝင်စားနေတဲ့သူ့ရဲ့ first choice ... ။

အဲ့တာက Wang Ziyi ပဲ ။

" ဝိုးးး "

အားလုံးနဲ့အတူ Ziyi ကအော်လိုက်တယ် ။ သူ့မျက်နှာမှာ အပြုံးတွေနဲ့ ။

ကျေနပ်ပြုံးတွေနဲ့လှမ်းကြည့်ကာစောင့်နေတဲ့ Xukun ဆီကို အမြန်ပြေးသွားရင်း သူဖက်လိုက်တယ် ။ ဒီပျော်ရွှင်ခြင်းကို စကားလုံးတွေနဲ့မဖော်ပြခဲ့ပေမဲ့ ။ Xukunရဲ့ ဦးစားပေး Ziyi ဟာ ချိုမြိန်လွန်းတဲ့ မျက်ဝန်းတွေနဲ့သူ့ရှေ့ကကောင်လေးရဲ့ မျက်နှာကို အကြိမ်ကြိမ်ကြည့်နေမိတော့တာက သက်သေပါပဲ ။

Jan 27th To Feb 2nd 2018.

Our TimesWhere stories live. Discover now