☆ I CREATE MY OWN DESTINY ☆
★ TO MEET HIM ★ကိုယ့်နှုတ်ကထုတ်ပြောစရာမလိုပါဘဲ ကိုယ့်ရဲ့စိတ်ကို အစအဆုံးသိနေတတ်တဲ့ ပုံစံမျိုးနဲ့ လူတစ်ယောက် ကိုယ့်ဘေးနား ရှိနေမယ်ဆို ဘယ်လိုခံစားရမယ်ထင်လဲ ။
Xukun ဆီမှာတော့ သိသိသာသာပြောင်းလဲမှုတွေ
သိပ်မရှိပါဘူး ။ ဟိုးအစကတည်းကအတိုင်း သန်မာတဲ့ထက်မြက်တဲ့ပုံစံအတိုင်းပဲ ။ ရင့်ကျက်လာပြီးမှ အနည်းငယ် ကလေးဆန်တဲ့အမူအရာလေးတွေ ပြန်ပေါ်လာတာကလွဲရင်ပေါ့ ။လူတစ်ယောက်ရဲ့ ဖြစ်တည်မှုဟာ ကိုယ့်အတွက်ဘယ်လောက်ထိ သက်ရောက်မှုရှိမလဲ ။ အဲ့အဖြေကတော့ Wang Ziyi ဆီမှာရှိလိမ့်မယ် ။
လူတွေအများကြီးထဲမှာမှ အားလုံးထက်ထူးခြားပြီး သံယောဇဉ်တွယ်မိတဲ့ကောင်လေးကို ဘယ်အချိန် ကတည်းကစပြီး သတိထားမိနေသလဲတော့မသိဘူး ။ ရေစက်ဆိုတာကလည်း ထူးဆန်းတဲ့ အရာပါပဲ ။
မကြာခဏဆုံတယ် ။ အဲ့မျက်နှာလေးကို မကြာခဏကြည့်ဖြစ်တယ် ။ တစ်ခုခုဆုံးဖြတ်ဖို့ကိုတောင် ကိုယ့်စိတ်နဲ့ကိုယ်ပြီးရင် အဲ့ကောင်လေးရဲ့စိတ်ကို စပ်စုချင်သေးတာကထိန်းမရသလိုပေါ့ ။ ကျေနပ်စရာ ကောင်းတာတစ်ခုကသူတို့က စိတ်သဘောထားချင်း တော်တော်တိုက်ဆိုင်ကြတယ် ။ ပြောရမယ်ဆို ဝိညာဉ်ဖက်တွေလိုပေါ့ ..
အမြဲ အရိပ်တကြည့်ကြည့် .. နေရာတကာဦးစားပေးခံဆိုတဲ့အဆင့်မှာ ရှိနေတဲ့ ကောင်လေးဆီမှာလည်း သူ့အတွက် နေရာတစ်ခုရှိနေခဲ့ပြန်တယ် ။ ဒီလိုပါပဲ လူတွေအများကြီးရှိတဲ့အထဲ ကွက်ထိုးတဲ့ စလိုက်မီး အကွက်လေးထဲ သူတို့နှစ်ယောက်က တိုက်တိုက် ဆိုင်ဆိုင်ပါနေတာမျိုး ကံကြမ္မာပေါ့ ။
Cai Xukun သာ ခပ်ချေချေမာနခဲလေးဆို ဘယ်လိုဖြစ်မှာပါလိမ့် ။ Cai Xukun သာ သူ့ထက်
ရင်းနှီးရမည့်သူ ရှိနေခဲ့ရင်ဘယ်လိုဖြစ်မှာပါလိမ့် ။
နောက်ပြီး Wang Ziyi သာ ဒီကောင်လေးကို အရေးတယူ ဂရုတစိုက်မရှိဘူး ၊ ရင်းနှီးမှုအတိုင်းအတာက အားလုံးနဲ့တသားတည်းပဲဆို ဘယ်လိုဖြစ်မှာပါလိမ့် ။ သေချာတာ ကတော့ ဒါကလည်းကြိုတင်ဖန်တီးထားမှုပဲလေ ။ ဒီနေရာမှာ ဘယ်လိုခေါင်းစဉ်တပ်ရပါ့မလဲ ။ ' ဖူးစာဟာ ဒူးကာလို့မရ ' ဆိုသလိုလား ။ ဒီလိုဆို သိပ်များအတွေးလွန်သွားမလား .... xDသူတို့နှစ်ယောက်ကြားထဲက ပတ်သတ်မှုလေးက ဒီလိုနဲ့ပဲခက်ဆစ်အဖွင့်တွေ မြောက်များစွာကို ဖြစ်ထွန်းနေစေခဲ့တယ် ။
ဥပမာ .. Cai Xukun ကိုမြင်လိုက်တာနဲ့ တနေရာရာမှာ Wang Ziyi ကကပ်ပါနေတတ်တာမျိုး .. ။
Cai Xukun က တခုခုပြုမူလိုက်ပြီဆိုတာနဲ့ နောက်
ကနေ ထောက်ခံအားပေးနေတတ်တဲ့ Wang Ziyi ရှိ
နေတတ်တာမျိုး ။ ထိခိုက်မိတော့မလို ဖြစ်သွားတိုင်း ကာကွယ်ပေးနေတတ်တာမျိုး ။ Wang Ziyi ဆိုတာကလည်း Cai Xukun အတွက် အမြဲအတွေး ထဲပထမဦးဆုံးပေါ်လာတဲ့သူဖြစ်နေတာမျိုး ။ Wang Ziyi ရဲ့အပြုအမူလေးတွေကို ကလေးလေးလို တခစ်ခစ်ရယ်ပေးတတ်တာမျိုး ... ။တစ်ယောက်ပခုံးပေါ်တယောက်မှီပြီးနေခဲ့တဲ့အချိန်တွေမရှိဘူး ။ ခြေထောက်တွေ ကြမ်းပြင်နဲ့လွတ်သွားတဲ့အထိ ဆွဲယူပွေ့ဖက်တာမျိုး မလုပ်ဘူး ။ ဘေးချင်းယှဉ်ထိုင်နေရင်းနဲ့ စကားတွေပြောနေလို့ရတာပဲ ။ မျက်ဝန်းအကြည့်တွေဆိုတာ ဘာသာပြန်ဖို့မလွယ်ကူသလိုပေါ့ ။
သူတို့ရဲ့ ရင်းနှီးမှုကလည်း အဲ့လိုနဲ့ နက်ရှိုင်းသထက် နက်ရှိုင်းလာတာမျိုး ပေါ့ ... ။
×××××××