သူတို့နှစ်ယောက်ကို အတူရှိစေချင်တဲ့ ကံတရားက
တော့ အရှိန်မသေဘုး ။ ဒါမှမဟုတ် သူတို့ကပဲ စိတ်
ထဲကနေ telepathy ပို့နေခဲ့တာများလား xPဒါကတော့ ဘေးလူတစ်ယောက်အနေနဲ့ စိတ်ပေါက်ပေါက်နဲ့ကောက်တွေးလိုက်မှုတစ်ခုပါပဲ lol
အကြောင်းကတော့ သူတို့တစ်ဖွဲ့တည်းကျပြန်ပြီလေ ။ လက်ချင်းဆွဲနှုတ်ဆတ်နေတာတောင် တော်တော်ကြာ သွားသလိုပဲ ။ ထင်နေသားပဲ ဆိုသလို အပြုံးတွေက
လည်း မြင်သာနေခဲ့တယ် ။တဖွဲ့တည်းပြန်ကျတော့ တပူးတွဲတွဲတွေထပ်ဖြစ်ပြန်ပြီ ။ အခြားသူတွေရဲ့ stage ကိုအားပေးနေတာကအစ
rap စာသားတွေကို ဟန်ပါပါဆိုပြသွားတဲ့ vocal ပိုင်း
က ကလေးလေးကို သြဘာပေးသံအဆုံး ။ stage ပေါ်
မှာ စကားတွေပြောတော့ အပြန်အလှန် အာရုံစိုက်ပေး ရတာတွေ ။သူတို့နှစ်ယောက်ကြားက ဆက်သွယ်မှုဟာ အပြန်အလှန် နားလည်သိရှိမှုတွေနဲ့ စကားလုံးတွေအများကြီးမလိုတဲ့ အဓိပ္ပာယ်နက်နက်မျက်ဝန်းတွေဆိုတာ တဖြည်းဖြည်း ပိုသိလာရသလိုပဲ ။
တစ်ယောက်နဲ့တစ်ယောက်အလေးထားတတ်တဲ့အပြင် တစ်ယောက်အကြောင်းတစ်ယောက်အသိဆုံးတွေလို .. တစ်ယောက်ကဒါဆိုနောက်တစ်ယောက်က ခေါင်းငြိမ့်ပြီး သားဆိုတာမျိုးဟာ IP ရောက်မှ ရင်းနှီးကြတဲ့သူတို့အ
တွက် ဘယ်လောက်အထိစိတ်နေစိတ်ထားတိုက်ဆိုင်ပြီး ရင်ဘတ်ချင်းနီးကြလို့လဲဆိုတာ သံသယဖြစ်စရာမရှိဘူး ။ထုတ်မပြောဖြစ်ခဲ့လား မသေချာပေမဲ့ သူတို့အတူတူ ဆက်ရှိနေချင်ကြသေးတယ် ။ သူတို့ဆန္ဒတကယ်ရှိ ခဲ့တာမှန်တယ်ဆို ဒါဟာပိုပျော်စရာကြီးပေါ့ ။
ဒါကြောင့်လည်းပဲ final result အကြေငြာမှာ Ziyi နာမည်ကို ထုတ်မပြောရသေးခင် အရိပ်အမြွက်ပေးနေရုံ ရှိသေးပေမဲ့ Xukun အပြုံးတွေက စိတ်ချကျေနပ်သွား
တာမျိုးများလားပဲ ။ဂုဏ်ယူပီတိတွေနဲ့ ဆွဲယူပွေ့ဖက်မိလိုက်တဲ့ Ziyi ကို ဘာစကားမှမပြောမိပေမဲ့ သူ့အပျော်တွေကသိသာနေပါ
တယ် ။ မကြာခင်မှာပဲ သူ့လိုပဲ အပျော်တွေနဲ့ Ziyi ကို ထပ်မံပွေ့ဖက်ဖြစ်ခဲ့ရပြန်တာပဲလေ ။