4 | Own

507 73 1
                                    

☆ I CREATE MY OWN DESTINY ☆
★ TO MEET HIM ★

Top of mind ဆိုတာမျိုးကြားဖူးလား ??

Wang Ziyi နဲ့ Cai Xukun နှစ်ယောက်စလုံးမှာ
အဲ့ဒါနဲ့ပတ်သတ်တဲ့ ကြီးမားတဲ့အစွဲအလမ်းတွေရှိနေတယ် ။

နောက်တခုက အဲ့ဒီ့ Top of mind ဟာ သူတို့နှစ်
ယောက်အတွက် အပြန်အလှန်ဖြစ်နေတာက ထူးဆန်းတဲ့ကိစ္စပေါ့ ။

ဥပမာပြောရရင် ...

Center အတွက် အရွေးချယ်ချင်ဆုံးလူလို့ Ziyi
ကို မေးမယ်ဆို သေချာပေါက် သူစိတ်ထဲ ပထမဆုံးနေရာယူသူဟာ Cai Xukun ဆိုတာမျိူး ..။

First stage အတွက် ဘယ်သူ့ကိုအဖွဲ့ဝင်အဖြစ်
ရွေးချင်သလဲလို့ Xukun ကိုမေးမယ်ဆို နှစ်ယောက်တည်းနဲ့ Team တစ်ခုတည်ဆောက်ရမယ် ဆိုရင်တောင် သူ့ရဲ့မပြောင်းလဲမယ့် အဦးဆုံးနေရာမှာရှိသူက Wang Ziyi ပဲ ။

အခုလည်း သူတို့ Top visual ရွေးဖို့ နာမည်နဲ့တကွ
သော ပုံလေးတွေကပ်ထားတဲ့ board တစ်ခုရှေ့ရပ်
နေရတယ် ။

" တောက်ပနေတဲ့ နေရောင်ခြည်လိုပဲ .. တကယ်ကို
နည်းစနစ်ကျကျရှိတဲ့ လူတစ်ယောက် ~

ကျွန်တော် Top visual အဖြစ်အရွေးချယ်ချင်ဆုံး
သူကတော့ Wang Ziyi !!

သူကပြုံးလိုက်ရင် လူတွေကို စိတ်သက်သာရာရစေတဲ့ခံစားမှုမျိုးကို ပေးနိုင်တယ်

သိရအောင်ပြောပြရမယ်ဆို သူကတကယ်ကို တော်တော်လေးချစ်စရာကောင်းတဲ့ သူတစ်ယောက်ပေါ့ "

" ကျွန်တော်အတွက်ကတော့ Cai Xukun ပဲ ..

ကျွန်တော့်အပေါ်လည်း အတော်ကြီးလွှမ်းမိုးနိုင်မှုရှိတယ်။ပြောရမယ်ဆို ချစ်ခင်စရာကောင်းတဲ့ကောင်လေးပေါ့ ~

လူတိုင်းက သူ့ကိုဆို သေချာပေါက်ခိုင်ခိုင်မာမာယုံကြည်ထားတာမျိုး ....

"သူက များသောအားဖြင့် တော်တော်လည်း စားနိုင်တယ် ။ ဒီတစ်ခု မထိန်းနိုင်မှာတော့ စိုးရတယ်ပေါ့ဗျာ "

သူ့တို့စိတ်ထဲ အကြောင်းပြချက်မဲ့ တမင်တကာရောက်လာတာမျိုးမဟုတ်တဲ့ အခုလိုအချက်ကလေးတွေလည်းရှိနေတတ်ပေမဲ့ ... သေချာတာကတော့ သူတို့်နှစ်ယောက်ကြားကခိုင်မာတဲ့ ဆက်သွယ်မှုလေးကတော့ အကြောင်းပြချက်တွေ အများကြီးမလိုခဲ့ပါဘူး ။

...........................................................
.....................

Our TimesWhere stories live. Discover now