" ငယ် "
"ကိုကို့ရဲ့ ငယ်လေး "
ဒါတွေက တစ်ချိန်က ကိုကို့နှုတ်ကနေ ကိုကို ကိုယ်တိုင် ခေါ်ခဲ့ဖူးတဲ့ နာမ်စားလေးပါ ။
ပြတင်းပေါက်ဘောင်လေးပေါ် မေးလေးတင်ရင်း မျက်နှာမူရာမှာရှိနေတဲ့အဆောင်က အခန်းလေးကို ငေးကြည့်နေမိတယ် ။
"Hyung ကိုလည်းမြင်ရတာ မဟုတ်ပဲနဲ့ကွာ "
သူ့ဘေးမှာ ဝင်ထိုင်ရင်း ပြောလိုက်သော Kyung Soo အား သူကြည့်လိုက်ပြီး ခပ်လျော့လျော့ အပြုံးလေးတစ်ခု ပြုံးပြလိုက်တယ်
" အဲ့အခန်းလေးမှာ ကိုကို ရှိနေတယ် ဆိုတဲ့ အသိနဲ့တင် ငါ့ရင်ခုန်သံတွေ နွေးထွေးတယ်လေ "
" မင်း Hyung ကို အဲ့လောက်တောင် ချစ်လား "
"omm ကိုကိုက ငါ့ ရှင်သန်ရာ အကြောင်းပြချက်တစ်ခုပဲ "
" သူ့မှာက ချစ်သူရှိနေပြီလေ "
" ငါ သိပါတယ် သူ့မှာချစ်သူရှိတာနဲ့ပဲ ငါက မချစ်ရတော့ဘူးလား ငါ ကိုကို့ကို ချစ်တာ ဖြူဖြူစင်စင်လေးပါပဲ ကိုကို့ကို မပိုင်ဆိုင်ရလည်း တိတ်တိတ်လေး ပေးဆပ်ပြီး ချစ်မှာ "
"မင်း ချစ်နေတာ Hyung ကို ဘာလို့အစောကြီးကတည်း မဖွင့်ပြောတာလဲ "
" ငါ့ကို ကိုကိုမုန်းသွားမှာစိုးလို့် ခုလို ငါ့အပေါ်ကို ညီလေးတစ်ယောက်လို ဂရုစိုက်ချစ်နေပေးတာကိုပဲ ငါကျေနပ်ပါတယ် ကိုကိုနဲ့ဝေးသွားမှာကို ငါမလိုလားဘူး "
" ဟူး...အချစ်ဆိုတာ နာကျင်စေတာလား မသိတော့ဘူးကွာcanteen သွားရအောင် ဗိုက်ဆာနေပြီ "
"omm "
ကိုကို့အခန်းလေးကိုကြည့်နေသည့်အကြည့်တွေအား ရုတ်သိမ်းပြီး သူငယ်ချင်းလေး ခေါ်ဆောင်ရာသို့ လိုက်လာခဲ့သည် ။
Canteen ရောက်တော့ မြင်လိုက်ရတဲ့မြင်ကွင်းတစ်ခုကြောင့် ငယ့်ဘယ်ဘက်ရင်ဘတ်လေးအောင့်လာတယ် ။
YOU ARE READING
💕💕 ကိုကို့ရဲ့ ငယ် 💕💕
Fanfictionငယ် ဆိုတဲ့ ဖြစ်တည်မှုဟာ ကိုကိုရဲ့ဖြစ်တည်မှုနဲ့သာ အတူရှိချင်တယ် ငယ် ဆိုတဲ့ ဖြစ်တည်မှုဟာ ကိုကိုရဲ့ဖြစ်တည်မှုနဲ့သာ အတူရှိချင်တယ်