"ကိုကို "
"ငယ် သိပ်ချစ်ရတဲ့ ငယ်ရဲ့ ကိုကို "
တခြားသူတွေလို ချစ်ရသူရင်ခွင်ထဲခေါင်းလေးတိုးလို့ ချွဲ့နွဲ့ချင်မိတယ် ကိုကို
ခုတော့ ငယ် နာကျင်နေတာတောင် ဖေးမမဲ့သူ မရှိဘူး ကိုကို
တခြားသူတွေလို ချစ်ရသူလက်လေးတွဲပြီး လောကကြီးရဲ့ အလှအပတွေကို ခံစားကြည့်ဖူးချင်တယ် ကိုကို
ခုတော့ ငယ့်အတွက် အရာရာဟာ မှောင်မိုက်နေတယ် ကိုကို ငယ်ဟာ တစ်ယောက်တည်း အဖော်မဲ့နေတယ် ကိုကို
ငယ်ပြုံးလိုက်တိုင်း ချစ်ဖို့ကောင်းတယ်ပြောတတ်တဲ့ ကိုကို့ကြောင့် နာကျင်စရာတွေရှိတိုင်း ငယ်အလှဆုံးပြုံးနေခဲ့တယ်
ခုတော့ ငယ့်အပြုံးတွေကို အချိန်ပေးပြီး ကိုကို မကြည့်တော့ဘူးနော်
ငယ့်အပြုံးတွေက ကိုကို့ရှေ့ကမိန်းကလေးရဲ့အပြုံးတွေအောက် ရှုံးနိမ့်ခဲ့ရပြီလား ကိုကို
အရင်လို မနက်လင်းတိုင်း "Morning ငယ် " ဆိုတဲ့အသံလေးနဲ့အတူ ကျောင်းသွားဖို့ကိုကိုလာကြိုတာ ငယ်မျှော်နေမိတုန်းပဲ
အရင်လို မနက်တိုင်း "Morning ကိုကို " ဆိုပြီး ကိုကို့ရင်ခွင်ထဲခေါင်းလေး တိုးပြီး ချွဲ့နွဲ့ချင်သေးတယ် ကိုကို
" ငယ် "
အိမ်ဘေးက ဒန်းလေးပေါ်ထိုင်ရင်း ကောင်ကင်ကြီးကိုကြည့်ကာ ကိုကို့အပေါ်ချစ်တဲ့ အချစ်တွေကို တိုင်တည်နေတဲ့ကောင်လေးတစ်ယောက် ရုတ်တရတ်ကြားလိုက်ရတဲ့အသံကြောင့် မျက်ရည်တွေကို ကပျာကယာ သုတ်လိုက်တယ်
" ငယ်လေး တစ်ယောက်တည်း ဘာတွေငိုင်နေတာလဲ နေမကောင်းဘူးလား "
ပြောပြောဆိုဆိုဖြင့် ဘေးနားဝင်ထိုင်လိုက်သော ကိုကို့ကို ငယ်မော့ကြည့်လိုက်သည်
ဟင့်အင်း ကိုကို မပြုံးပါနဲ့ ကိုကို အဲ့အပြုံးတွေ မပြုံးပါနဲ့ ငယ့်ကို သနားရင် ငယ့်အပေါ် မကြင်နာပါနဲ့ ကိုကိုရယ်
YOU ARE READING
💕💕 ကိုကို့ရဲ့ ငယ် 💕💕
Fanfictionငယ် ဆိုတဲ့ ဖြစ်တည်မှုဟာ ကိုကိုရဲ့ဖြစ်တည်မှုနဲ့သာ အတူရှိချင်တယ် ငယ် ဆိုတဲ့ ဖြစ်တည်မှုဟာ ကိုကိုရဲ့ဖြစ်တည်မှုနဲ့သာ အတူရှိချင်တယ်