Part~3💕 (Z+U)

2.6K 235 1
                                    

အချစ်ဆိုတာ ငယ့်အတွက် နာကျင်ခြင်းသက်သက်ဆိုလည်း ဒီနာကျင်ခြင်းကိုပဲ ငယ်မြတ်နိုးစွာ လက်ခံပါရစေ ကိုကို ။

ရှေ့ဆက်နာကျင်ရမဲ့ ငယ့်နေ့ရက်တွေအတွက် ခဏလောက်ဖြစ်ဖြစ်တော့ ကိုကို့ရင်ခွင်မှာ ခိုဝင်ပါရစေ ။

ချော့ခံရတဲ့ကလေးကပိုငိုတယ်ဆိုတဲ့စကားလိုပဲ ငယ့်ကျောပြင်လေးကိုပွတ်ကာ နှစ်သိမ့်ပေးနေတဲ့ကိုကို့ကြောင့် ပိုပိုတိုးလို့ ငိုမိတယ် ။ ကိုကို့ခါးလေးကိုဖက်တွယ်ထားတဲ့ လက်တွေလည်း ပိုတင်းကျပ်လာခဲ့တယ် ။

ချစ်တယ် ကိုကို ။ ဘယ်တော့မှ မပိုင်ဆိုင်ရလည်း ချစ်တယ် ကိုကို ။

တခဏကြာတော့ ကျွန်တော်ရင်ခွင်ထဲက ထွက်ပြီး မျက်ရည်တွေသုတ်နေတဲ့ ငယ့်ကို ကျွန်တော်စိတ်ပူစွာနဲ့မေးလိုက်တယ် ။

" ငယ်လေး ဘာအကြောင်းအရာတွေရှိလို့ ဒီလောက်ဝမ်းနည်းနေရတာလဲ ဘာလို့ဒီလောက်ငိုနေရတာလဲ "

" arnyi ကိုကို ငယ်ကနေမကောင်းရင် အဲ့လောက်ပဲ အလကားနေရင်း ဝမ်းနည်းနေတတ်တာ ကိုကိုမေ့နေတာလား "

" ဒီလောက်ငိုနေတာ နေမကောင်းတာတစ်ခုတည်းကြောင့် ဟုတ်လို့လားငယ်ရယ် ကိုကို့ကို မညာနဲ့နော် "

ငယ် က ကိုကို့ကြောင့် ငိုတာပါ လို့ပြောရမှာလား ကိုကို ။ ကိုကို့ကို ငယ်ချစ်မိလို့ ငိုရတာပါလို့ ပြောရမှာလားကိုကို ။ ငယ် ညာရပါစေကိုကိုရယ် ။ ငယ်သာ ကိုကို့အပေါ် အဖြူထည်မဟုတ်တဲ့ချစ်ခြင်းတွေနဲ့ ချစ်နေတာ ကိုကိုသိသွားရင် ငယ့်ကိုမုန်းသွားမှာစိုးလို့ပါ ။

" ခ် ကိုကိုရယ် ငယ် ကဘယ်တုန်းကညာဖူးလို့လဲ အန်တီလေးခေါ်ခိုင်းလိုက်တာမလား သွားမယ်လေ "

"အင်းပါ မညာဘူးဆိုလည်းပြီးတာပါပဲ ဒီနေ့တော့မလိုက်နဲ့တော့ ကိုယ်ကပူချင်နေပြီ ဆေးသောက်ပြီးနွေးနွေးထွေးထွေးနေတော့ လာ အထဲဝင်ရအောင် "

အဲ့ဒီနေ့က ကျွန်တော့်ရင်ဘတ်က တပ်လက်စကြယ်သီးလေးတွေကို ဆက်ပြီးတပ်ပေးပြီး ကျွန်တော့်ကိုယ်လေးကို ပုခုံးလေးကဖက်ကာ အခန်းထဲထိ ကိုကို လိုက်ပို့ပေးပြီးမှ ပြန်သွားတယ် ။

💕💕 ကိုကို့ရဲ့ ငယ် 💕💕Where stories live. Discover now