Part~4💕 (Z+U)

2.4K 193 5
                                    

" ငယ် "

"ကိုကို့ရဲ့ ငယ် "

"ကိုကို့ရဲ့  အချစ်ဦးဆိုတာလည်း ငယ်  အချစ်ဆုံးဆိုတာလည်း ငယ်လေး ပါပဲ "

အချစ်ဆိုတာကို စတင်ခံစားမိခဲ့တာ ယောကျာ်းလေးတစ်ယောက်နဲ့ စတင်ခဲ့တဲ့ ကိုကို့ရင်ခုန်သံတွေကို မှားယွင်းနေလားလို့ ကိုယ့်ကိုကိုယ် သံသယဝင်မိတယ် ငယ်

တစ်နှစ် ဆိုတဲ့အချိန်ကာလ တစ်ခုအကြာ ဆန်းစစ်ပြီးနောက်ပိုင်း ငယ့် အပေါ် ထားတဲ့ ကိုကို့ချစ်ခြင်းတွေဟာ စစ်မှန်တယ် ဆိုတာ ကိုကို လက်ခံလာတယ် ကိုကို့အချစ်တွေကို ကိုကိုယုံလာတယ်

ငယ်လေးရယ် ကံကြမ္မာဆိုတာကြီးကလေ သိပ်ရက်စက်တယ်သိလား အချစ်ဆိုတာကို ခံစားတတ်ဖို့ နှလုံးသားဆိုတာ ကြီးက ပါမလာခဲ့ရင် ကံကြမ္မာကို အပြစ်တင်မိမယ်မထင်ဘူး

လွန်ခဲ့တဲ့နှစ်လက စိတ်ကူးတွေယဉ်ပြီး ကြည်နူးခဲ့ရတဲ့ကောင်လေးတစ်ယောက်ရှိခဲ့တယ် ငယ်

သူသိပ်ချစ်ရတဲ့ ချစ်သူလေးကို supriseလုပ်ပြီး ချစ်ခွင့်ပန်ဖို့ကျောင်းမှာ ပြင်ဆင်ခဲ့ပြီးမှ ရင်နာစရာ ဇာတ်လမ်းလေးဖြစ်သွားရတဲ့ ကောင်လေးတစ်ယောက်ရှိခဲ့တယ် ငယ်

~~~~~~~~~
ဇာတ်လမ်းလေးက ဒီလိုစတယ် ငယ် ~

" Yoona ya သူ သူလက်ခံမှာပါနော် ငါ့ကို "

" နင်ကလည်းဟာ နင်နဲ့baekhyun ဆိုတာ ငယ်ငယ်ကတည်းက တစ်ယောက်ကိုတစ်ယောက် သိပ်ချစ်ကြတာကို သူလည်းနင့်ကိုချစ်နေတာ သိသာနေတာကို"

" ဒါမဲ့ သူက ငါ့ကိုညီအကိုလိုချစ်တာဆို ဘယ်လိုလုပ်မလဲ ငါကြောက်တယ် Yoona သူငါ့ကိုမုန်းသွားရင် ဘယ်လိုလုပ်မလဲ "

"Ya Park Chan Yeol ယောကျာ်းမဟုတ်တဲ့အတိုင်းပဲ ကြောက်နေလိုက်တာ BaekHyun ကိုငါယုံတယ် သူလည်းနင့်ကိုချစ်နေတာသေချာပါတယ် Fighting chingu ya "

Yoona ဆိုတာသူနဲ့အထက်တန်းကတည်းက ခင်လာတဲ့သူငယ်ချင်းမလေးပါ သူ့မိဘတွေကလည်း ငယ် တို့ သူတို့မိဘတွေနဲ့ စီးပွားဖက် တွေမို့ ငယ် ရော သူရောနဲ့ပါ Yoona ကအရမ်းတွဲဖြစ်ပါတယ် တစ်ဦးတည်းသောသမီးဖြစ်လို့ယ့် ကိုရော Yeol ကိုရော အကိုတွေမောင်တွေလိုအရမ်းတွယ်တာပါတယ် အခုလည်း ငယ့် ကို ဖွင့်ပြောမဲ့ကိစ္စအား အစအဆုံးကူညီပေးနေခြင်းပါ ။

💕💕 ကိုကို့ရဲ့ ငယ် 💕💕Where stories live. Discover now