" ငယ် "
" ချစ်ရသော ငယ် နာကျင်တာ မြင်နေလျက်နဲ့ ရင်ခွင်ထဲထွေးပွေ့မပေးနိုင်ခဲ့ဘူး "
" ထွေးပွေ့ပေးမဲ့ ရင်ခွင်ငယ်တစ်ခုထဲ ချစ်ရတဲ့သူရောက်နေပြန်တော့လည်း နှလုံးသားက ခံနိုင်ရည် မရှိခဲ့ပြန်ဘူး ငယ် "
" ငယ် ရယ် ကိုကို ဘာဆက်လုပ်ရမလဲ "
" အတ္တကြီးစွာဆိုရရင် ဘဝရဲ့လက်ကျန်ချိန်လေးတွေကို ချစ်ရသူငယ့်ရင်ခွင်ထဲ ခိုနားလို့ နေချင်ပါရဲ့"
"ချစ်ရသူရဲ့ ရင်ခုန်သံတွေနားဆင်ရင်း အိပ်မက်လေးတွေ လှချင်ပါရဲ့ ငယ်"
" ကြင်နာသူရဲ့ အနွေးဓာတ်တွေလွှမ်းနေမဲ့ ရင်ခွင်ငယ်ထဲ ထွက်သက်လေး ချုပ်ငြိမ်းချင်ပါရဲ့"
" ထွက်သွားရသူနဲ့ ကျန်ခဲ့ရသူ ဘယ်သူကပိုနာကျင်မလဲ ကိုကိုမပြောနိုင်ပေမဲ့ ကိုကို့ကို လွမ်းကျန်ရင်း နာကျင်နေမဲ့ ငယ့်ကို ကိုကို စိတ်မချနိုင်ဘူး "
" ချစ်တယ် ဆိုတဲ့ စကားကို အမြတ်နိုးဆုံး အနမ်းတွေခြွေရင်း တစ်တွတ်တွတ်ပြောချင်ပါရဲ့ ငယ် "
" သူဟာ ကလေးငယ်ရဲ့ နာကျင်စရာတွေကို ကုစားပေးနိုင်မယ်ဆို ကိုကိုရင်နာရလည်း ပျော်နေမိမယ်ထင်တယ် ငယ် "
" ဒွိဟ ဖြစ်နေတဲ့ နှလုံးသားကြောင့် ကံကြမ္မာကြီးကိုသာ အပြစ်တင်မိပြန်တယ် ဘာလို့များ ချစ်နေကြပါလျက်နဲ့ နာကျင်အောင်လုပ်ရက်ခဲ့သလဲ ကံတရားရယ် "
ထိုနေ့က ကောင်လေးတစ်ယောက်ရဲ့ ရင်ခွင်ထဲငိုရင်း အိပ်စက်သွားတဲ့ ကောင်လေးတစ်ယောက်ရှိသလို သူငယ်ချင်းမလေး ပုခုံးထက်မှီရင်း ငိုကြွေးနေတဲ့ ကောင်လေးတစ်ယောက်လည်း ရှိနေခဲ့တယ်
************
"ကိုကို "
ကုတင်ပေါ်လှဲနေရင်း အခန်းဝက ခေါ်သံလေးကြောင့် ချက်ချင်းထထိုင်လိုက်မိတယ် သူ့အခန်းဝမှာ ရပ်နေတဲ့ သူ့ကလေးငယ် က သူ့ကိုအချိန်မရွေးရင်ခုန်အောင်လုပ်နိုင်ဆဲပါ
YOU ARE READING
💕💕 ကိုကို့ရဲ့ ငယ် 💕💕
Fanfictionငယ် ဆိုတဲ့ ဖြစ်တည်မှုဟာ ကိုကိုရဲ့ဖြစ်တည်မှုနဲ့သာ အတူရှိချင်တယ် ငယ် ဆိုတဲ့ ဖြစ်တည်မှုဟာ ကိုကိုရဲ့ဖြစ်တည်မှုနဲ့သာ အတူရှိချင်တယ်