First And Last Love-6

1.5K 111 1
                                    

" chemistry definition​တွေကလည်း
  ခက်​လိုက်​တာဟာ
ငါကျက်​​နေတာ နာရီဝက်​​လောက်​ရှိပြီ"

စာ​ရေးခုံကို ပျင်းရိ​လေးတွဲစွာကျောမှီလျက်
်​ထိုင်​​နေ​ကာငြီးငြီးညူညူ ​ပြောလိုက်​မိသည်​။
ပုံဆွဲရမည်​ဆိုလျှင်​ ပန်းပွင့်​ပုံကိုပင်​ အချိုးကျစွာ
မဆွဲနိုင်​​သော ကိုယ့်​အ​ကြောင်းကိုသိ၍ စာကျက်​ရမှာပျင်းသော်​ငြား ဘောဂဘာသာတွဲကိုသာ
ယူဖြစ်​သည်​။ အခြားဘာသာများကိုစိတ်​ဝင်​စားသ​လောက်​ chemistryနှင့်​ physic ဘာသာကို​တော့ဖြင့်​ အရမ်း​ကြောက်​မိသည်​။
ယခု​နေ့လယ်​​ထမင်းစား​ကျောင်းတက်​လျှင်
တက်​ချင်း ပထမစာသင်​ချိန်​မှာ ကိုယ်​စိတ်​ဝင်​စားမှုအားအနည်းဆုံးဖြစ်​​တဲ့chemistryချိန်​ပင်​။
အ​ခြေအ​နေအချိန်​အခါ​သင့်​လိုက်​ပုံမှာလည်း
ထမင်းစားပြီးခါစအချိန်​​ဖြစ်​​လေ​တော့ ဆရာမက မည်​သို့ပင်​အာ​ပေါင်​အာရင်းသန်​သန်​နှင့်​ပင်
သင်​ပြ​နေပါ​စေ။နောက်​ဆုံးအတန်းတွင်​ထိုင်​သောကိုယ့်​မှာကစာ​ရေးခုံနှင့်​နဖူးပြင်​ကို အကြိမ်​ကြိမ်​ထိကပ်ပြီး မျက်​စိမှိတ်​အ​လေးပြုရသည်​မှာလည်း​နေ့တိုင်းပင်​။
မ​နေ့ကလည်း သရုပ်​ပျက်​​လောက်​​အောင်
အိပ်​ငိုက်​​နေ၍ ဆရာမ​ကခေါ်၍သတိ​ပေးခံရ
သေးသည်​။ဒီ​နေ့​တော့ မအိပ်​ငိုက်​​အောင်​လို့ ထမင်းချိုင့်​ပင်​​လျှော့၍ထုတ်​လာခဲ့မိသည်​။ ဗိုက်​​လေးလျှင်​ပို၍အိပ်​ငိုက်​​နေမည်​​လေ။
စာ​မေးပွဲလည်းနီးပြီဖြစ်​၍ ​အနည်းဆုံး​တော့ နှစ်​ခါပြန်​၍မ​ဖြေရ​လေ​အောင်​ ​အောင်​မှတ်​ဖိုး​လောက်​​တော့ရ​အောင်​လိုက်​မှတ်​ရဦး​ပေမည်​။
       "စာအုပ်​ကြီးကိုင်​ပြီး စာမကျက်​ဘဲ
         ဘာ​တွေ​တွေး​နေတာလဲ   "
       "အင်​..."
ရေခဲတုံးမ ​ဒေါ်သီရိမေးလာမှပဲ ကိုယ့်​ကိုယ်​ကို
အ​တွေးလွန်​​နေမှန်းသတိထားမိသွားသည်​။ အလိုလိုမှစာ​တွေမရ​သေးလို့ စိတ်​​တွေညစ်​​နေပါသည်​ဆိုကာမှ
"မုန်​ဖိုး​တောင်း​ကောင်း​အောင်​လို့​ပေါ့ဟာ ဟ..ဟ"
မိ​ကျော့၏ထုံးစံအတိုင်း အနည်းငယ်​ ကလိကလိဖြစ်​​အောင်​စတတ်​သည်​မှာလည်း​ဖျောက်​ဖျက်​​ပေး၍မရ​သော အကျင့်​ဆိုးတစ်​ခုပင်​။ သို့​သော်
ကိုယ့်​အဖွဲ့ထဲမှလူများကိုသာ​ရွေးကာ စ​နောက်​တတ်​သည်​ကိုပင်​ ​ကျေးဇူးတင်​ရ​တော့မလိုပင်​။
မဟုတ်​လျှင်​​တော့ အစ​ကောင်း​သောသူနှင့်​ စိတ်​ဆတ်​​သောကိုယ်​​ကြောင့်​ ကိုယ်​ရွာသူများအ​ပြောခံထိ​တော့မည်​။
      "​တောင်​..​တောင်​..​...တောင်​..​တောင်​"
"​ကျောင်း​တောင်​တက်ပြီ"
နေ့လယ်​ပိုင်း ​ ကျောင်းတက်​သံ​ချောင်း​ခေါက်​သံ
ကြား၍ စာ​ရေးခုံကို ​ကျောကပ်​ကာမှီထိုင်​​နေ​ရာမှ
ရှေ့သို့ပြန်​လှည့်​လိုက်​စဉ်​ အတန်း​ရှေ့​ကော်​ရစ်​တာမှ သူခိုးလူမိသကဲ့သို့ဖျတ်​ခနဲ​ပြေးထွက်​သွား​သောအရိပ်​တစ်​ခုကို မျက်​ဝန်း​ထောင့်​မှ​တွေ့လိုက်​ရသည်​။
" အဲဒါ​မေယွန်းစံ မဟုတ်​လား"

First And Last Love Where stories live. Discover now