First And Last Love-4
2K 63 4
"အဲဒါဆိုသူက ငါတို့ကိုကျ မခင်​ချင်​လို့လား"
အဖွဲ့ထဲမှအသက်​အကြီးဆုံးဖြစ်​သူ မမဖြူနှင်း​ဝေ၏ ပြုံးစစအ​မေးကို ​ထောက်​ခံလိုက်​သူက
မ​ကျော့​​ကေသွယ်​။
        "​အေး​လေ..အဲဒါကိုပြောတာ"   
  "အာ...အစ်​မကလည်းအဲလိုမဟုတ်​ပါဘူး
       သူက အကုန်​လုံးကို ခင်​ချင်​တာပါ"
အမှန်​အတိုင်း​ပြောလို့မဖြစ်​​ပေ။
အဆင်​​ပြေ​အောင်​သာဖာ​ထေး​ပြောလိုက်​ရသည်​။ဟုတ်​​တော့လည်းဟုတ်​သည်​။ ​လေး​ယောက်​ရှိ​သော အဖွဲ့ထဲမှ တစ်​ယောက်​ကိုပဲကွက်​ပြီး
ခင်​ချင်​တယ်​​ပြော​တော့ အနည်းငယ်​​တော့စိတ်​ကသိက​အောက်​ ဖြစ်​ချင်​စရာ​ကောင်းသည်​​လေ
"​အေးပါ ခင်​လို့ရတယ်​​လို့ပြောလိုက်​ဦး"   
တစ်​ချိန်​လုံး အချဉ်​​ပေါင်းကိုသာ အာရုံတစိုက်​စား​နေ​သောကာယကံရှင်​ မမမြတ်​က ဝင်​​ပြောသည်​။အခုလို​ပြော​နေချိန်​တွင်​လည်း သူ့အာရုံက စကားဝိုင်းထဲရှိ​နေသည်​မထင်​ပါနှင့်​။
အချဉ်​​ပေါင်း ပလတ်​စတစ်​အိတ်​အောက်​​ခြေတွင်​ ကျန်​​နေ​သောအနှစ်​အနည်းငယ်​ကို လက်​ညိုးနှင့်​ နှိုက်​ထုတ်​ပြီးသကြားလုံးစုပ်​သလိုစုပ်​​နေသည်​မှာ မူလတန်း​က​လေးတစ်​​ယောက်​လိုပင်​။
       " ဟုတ်​ ​ပြောလိုက်​မယ်​အစ်​မ"
      "ငါတို့ကစ​နေတာ​နော်​"
မမ​ကျော့က စိတ်​ဆိုးသွားမည်​ဆိုး၍ရှင်းပြလာသည်​။
်​"ဟုတ်​သိပါတယ်​ မမ​ကျော့ရဲ့"
  "နင်​တို့က ငါ့​လောက်​မှ
     ခင်​ချင်​စရာ မ​ကောင်းတာကို ဟား.ဟ"
ရှေ့သို့အနည်းငယ်​ကျ​နေ​သော ဆံပင်​ကိုသပ်​တင်​လိုက်​ရင်း မျက်​ခုံးနှစ်​ဖက်​ပင့်​ပြပြီး
ပြုံးစစမျက်​နှာ​ပေးနှင့်​အကြွားတစ်​လိုင်းထုတ်​​နေသူကို ​ဒေါက်​ဖြုတ်​လိုက်​သူက မမ​ကျော့။
"​အေးပါ ...လူရိုက်​​ပေါက်​ကြီးရယ်​ ဟား ဟား ဟား"
      "သူ့လို ဂျစ်​ကန်​ကန်​နဲ့ပုံစံကို
        တကယ်​စဉ်းစားလို့ကိုမရဘူး"
အဖွဲ့ထဲတွင်​ စကားပင်​​လေးလုံးကွဲ​အောင်
မ​ပြောသူ အ​နေ​အထိုင်​​အေးလှသည့်
မမသီရိ​အောင်​ကပင်​တွေးဆဆနှင့်​​ဝေဖန်​လိုက်​​သော​ကြောင့်
'ငါ့ချည်းပဲ​ပြော​နေကြတယ်​'ဟု ငိုချင်​ချင်​ မျက်​နှာ​ပေးနှင့်​ မမမြတ်​ နှာ​ခေါင်းရှုံ့  မျက်​​မှောင်ကြုတ်​တာကိုကြည့်​ပြီး တဝါးဝါးတစ်​ဟားဟားနှင့်​ပွဲကျကြပြန်​​သည်​။
First And Last Love Donde viven las historias. Descúbrelo ahora