First And Last Love-8
1.3K 57 6
        First And Last Love <yuri>
                           Ep-8
ဒီ​နေ့နဲ့ဆို ပိုင်​​လေး​ကျောင်းမလာတာနှစ်​ရက်​ရှိပြီ။
ေ​သ်ာတာစီကကြားရသည်မှာ​​တော့​​ 'နေမ​ကောင်းလို့​ကျောင်းမလာတာ'တဲ့။ ​​အရင်​အပတ်​​သောကြာ​နေ့တုန်းက မိုး​တွေအရမ်းရွာ​နေခဲ့တာ​ကြောင့်​ဖြစ်​မည်​ထင်​။ထို​နေ့က မိုး​လေဝသအ​ခြေအ​နေမ​ကောင်း၍ ၂နာရီ​လောက်​ကတည်းက ​ကျောင်းဆင်း​ပေးခဲ့​သော်​လည်း ပိုင်​​လေးတို့လို ရပ်​​ဝေးမှ​ကျောင်းလာတက်​ရသူများအတွက်​​တော့ သိပ်​မထူး​ပေ။ကားလမ်းမ​ဘေး ကားကြုံရပ်​​စောင့်​​နေကတည်းကပင်​ မိုးကရွာ​နေခဲ့သည်​တဲ့​လေ။ နာရီဝက်​​လောက်​​ကြာမှကားကြုံပါ​သော်​လည်းလူကုန်​စီးရန်​ ​နေရာအဆင်​မ​ပြေ၍အတန်းကြီး​တွေဖြစ်​တဲ့ ပိုင်​​လေးတို့အဖွဲ့ကျန်​​နေခဲ့သည်​​လေ။ထိုမျှ​လောက်​အနစ်​နာခံကာ စာနာနားလည်​​ပေးတတ်​​သော ရွာသူ​လေးကို ချစ်​သူ​တော်​လိုက်​ရရင်​ဖြင့်​😊😊။
အ​တွေးများနှင့်​သာ ​လေထဲတိုက်​အိမ်​​ဆောက်​​နေမိသည်​ ။တစ်​ခါတစ်​​လေ သူ​လေးက ​သူတို့နှင့်​အတူတူ ထမင်းလက်​ဆုံစားရန်
သော်​တာမှတစ်​ဆင့်​​ခေါ်ပါ​သော်​လည်း
လိုက်မစားဖြစ်​။ ကိုယ့်​အ​ကြောင်းကို သိ​နေသည်​​လေ။သူ​လေး၏ ​လောကဝတ်​ပြုစကားနဲ့တင်​ ကိုယ့်​မှာရင်​ခုန်​တာ​ရောရင်​တုန်​တာ​ရော​ပေါင်းပြီး လက်​ဖျား​ခြေဖျား​လေး​တွေ​အေးစက်​လာတတ်​တာ
မျက်​နှာချင်းဆိုင်​အတူတူ ထမင်းစားရမည်​ဆိုပါက... ...😧😧။
စိတ်​လှုပ်​ရှားလာလျှင်​ အမှား​တွေဆက်​တိုက်​လုပ်​​လေ့ရှိ​သောကိုယ်​နှင့်​လုံးဝမဖြစ်​။ အခြားသူအမြင်​မှာ ကိုယ်​ကဘယ်​လိုလူမျိုးပင်​ဖြစ်​​နေပါ​စေ။ သူ​လေး၏အမြင်​တွင်​​တော့ကိုယ်​ကအ​ကောင်းဆုံးမဟုတ်​​တောင်​ အတတ်​နိုင်​ဆုံးအပြစ်​အနာအဆာမရှိ​စေ​အောင်​​တော့​နေထိုင်​လိုသည်​။
"​မေယွန်း...တံမြက်​စည်းကြီးကိုင်​ပြီး
      ဘာလုပ်​​နေတာလဲ
      အမှိုက်​လည်းမလှည်းဘဲနဲ့"
    "အမ်...........
အာ.........အင်း..လှဲမှာလေ"
်​မိန်းက​လေးအတန်း​ခေါင်း​ဆောင်​တစ်​ဖြစ်​လည်းတာဝန်​ယူထားသူ ကိုယ်​တို့အစိမ်း​အသင်း
ခေါင်း​ဆောင်​မမြတ်​​လေးနွယ်​က​ပြောလာ​တာ့မှ
ကိုယ်ဘယ်ေ​လာက်​​​အ​တွေးကမ္ဘာထဲမှာ နစ်​​မြောသွားသည်​ကို သတိထားမိ​တော့သည်​။ လက်​ထဲမှာလည်းဘယ်​ချိန်​ကတည်းက လှဲကျင်း​နြေ​ခင်းကို​ရပ်​တန့်​​ထားမှန်းမသိ​သောတံမြက်​စည်းအရှည်​တစ်​​ချောင်း။
          "ပြီးရင်​ ငါနဲ့ဘုရားပန်းသွားလဲရ​အောင်​"
"အင်း..ပြီးရင်​လာခဲ့မယ်​​လေ"
ဂအသင်းသူငါး​ယောက်​ရှိပါ​သော်​လည်း ၂​ယောက်​ကတစ်​ရွာသူ​​တွေမို့ ​ကျောင်းအလာ​နောက်​ကျတတ်​၍ တာဝန်​အများစုကကိုယ်​​တွေ ရွာခံစီမှာသာ။
သို့​သော်​ ရွာခံ၃​ယောက်​ဟုဆိုထား​သော်​လည်း အမည်​ခံရုံဖြစ်​ပြီး အများစုက​တော့ ကိုယ်​နဲ့အတန်း​ခေါင်း​ဆောင်​စီမှာသာ။အိပ်ခြင်းနှင့်စားခြင်းကိုအချိန်​အငှါးလိုက်​မည်​ဆို၍ ​ကြွေး​ကြော်​ထားသူ အိပ်​ပုပ်
်​​ဒေါ်​​​​​​​​​ယွန်းသီတာက၈နာရီခွဲမှ​ ကမန်းကတန်း
ရောက်​လာပြီး အတန်းထဲတွင်​ အခန်းသန့်​ရှင်း​ရေးလုပ်​​နေ​လေ​တော့ကိုယ်​နဲ့အတန်း​ခေါင်း​ဆောင်​ကပဲအခန်းအပြင်​ပတ်​ပတ်​လည်​ကို သန့်​ရှင်း​ရေးလုပ်​လိုက်​ရသည်​​လေ။
ဘုရားပန်းလဲပြီးရင်​​တော့ မနက်​ပိုင်းတာဝန်​​တော့
ပြီးသွားပါပြီ။ ကျန်​တာက​တော့ ​​နေ့လယ်​ပိုင်း
နောက်​ဆုံးချိန်​​ရောက်​မှ အမှိုက်​သွားပစ်​ရုံပါပဲ။
ဒါ​လေးပြီးရင်​နားလို့ရပြီfighting ​မေးယွန်း!fighting!
ရေခွက်​နှင့်​​သောက်​​​ရေအိုးအဖုံးများကို သတိထားကိုင်​​ဆောင်​ရင်း ​ရှေ့မှ​ခြေလှမ်းကျဲကြီးများနှင့်​သွား​နေ​သော အတန်း​ခေါင်း​ဆောင်​မကို​မေတ္တာပို့ချင်
စိတ်​ပင်​​ပေါက်​​နေ​လေပြီ။
အခုဘုရားပန်းအိုး​ဆေးခါစရှိ​သေး ဆရာမက​ခေါ်၍သွားပြန်​​တော့ လူကပင်​ပန်းလာတာ​နှင့်​အမျှ
စိတ်​ကသိပ်​မကြည်​ချင်​​တော့။
           "ပန်းအိုးက​ဆေးပြီးပြီ
              ဒီနှင်းဆီပန်း​တွေကို
              အရွက်​နည်းနည်းဖယ်​ထား​ပေး​နော်
             ငါ​ရေခွက်​​တွေ​ဆေးလိုက်​ဦးမယ်​"
ကျောင်းအုတ်​ကန်​လား ကြက်​တူ​ရွေးကျတဲ့​နေကြာခင်းပဲလားမသိ ဆူညံ​နေသည်​မှာလည်း  ကိုယ့်​နားထဲတွင်​တစ်​အူအူနဲ့ တကယ်​တမ်း​ပြောရရင်
အများပိုင်​​နေရာများတွင်​ စကားကိုကျယ်​​လောင်​စွာ​ပြောခြင်း ယဉ်​​ကျေးခြင်းမရှိလို့ပင်​သတ်​မှတ်​ရမည်​လားမသိ။
        "ညီမ​ရေ​တွေ ဒီဖက်​တအားစင်​​နေလို့
စိတ်​ကသိပ်​မကြည်​တာနဲ့အမှားလုပ်​မိ​နေလားမသိ။
သို့​သော်​ပြန်​လည်းမ​ပြောချင်​။ဘယ်​သူ့ကိုမှလဲမမြင်​ချင်​သလိုဖြစ်​​နေ၏။ ဒီ​ရေခွက်​​တွေ​ဆေးပြီးရင်​ပြီးပြီ။
        "ဒီဖက်​ကို တအားစင်​​နေပြီ ညီမ"
အများပိုင်​​နေရာဆို​တော့ အနည်းနဲ့အများက​တော့
ရေစင်​မှာပင်​။ဒါကို​ရေးကြီးခွန်​ကျယ်​​ပြော​နေတာက
တော့ ​တော်​​တော်​ကြီးကိုများသွားပြီ။
           "အနည်းနဲ့..!    
ကိုယ့်​အ​ပေါ်အပြစ်​တင်​စကားဆိုလာ​သောသူကို
ပြန်​​ပြောမည်​ပြင်​ခိုက်​ အုတ်​ကန်​​ဘောင်​၏​မြောက်​ဘက်​နားတွင်​နှင်းဆီပန်း​လေးများကိုင်​ကာ
ထိုင်​​နေ​သောသူ​လေး၏ ဖြူဖြူးစင်​စင်​မျက်​ဝန်းများနှင့်​ဆုံမိချိန်​မှာပင်​​ဒေါသများငုပ်​လျှိုးကာ
အပြုံးတစ်​ပွင့်​လက်​​ဆောင်​​​ပေးဖြစ်​သည်​။
AN-updateကြာလို့​တောင်းပန်​ပါတယ်​ရှင့်
First And Last Love Where stories live. Discover now