First And Last Love-9

2.9K 101 21
                                    

စိန်​ပန်းပင်​တို့၏ဝန်းရံ​ပေးမှု​ကြောင့်​​ဟောင်းနွမ်း​နေ​သော်​လည်း အမြင်​​တင့်​တယ်​​နေဆဲဖြစ်​သော
ရှစ်​တန်း​ဆောင်​​၏ဝန်းကျင်​တွင်​ ​​ကျောင်းသားများ ဟိုတစ်​စု သည်​တစ်​စု စာကျက်​​နေ​သော
အသံများနှင့်​​ဝေဆာ​နေသည်​။ကျောင်းစတင်​တက်​ချိန်​မှာ၉နာရီဖြစ်​​သော်​လည်းလပတ်​​စာ​မေးပွဲနီးလာ​သော​ကြောင့်​ မနက်​၈နာရီ​ကျောင်းသို့အ​ရောက်​လာရကာဆရာ၊ဆရာမတစ်​ဦး၏
ကြီးကြပ်​မှု​အောက်​တွင်​ ​ငြိမ်​သက်​စွာစာကျက်
ကြရသည်​။သို့​သော်​​စာ​မေးပွဲနီး​နေပြီဟူ​သော
ကိုယ်​ပိုင်​အသိစိတ်​ဖြင့်​- စာကျက်​ကြသူများမှာ လူနည်းစုသာ။ဆရာ၊ဆရာမလစ်​သည်​နှင့်
ဝိုင်းဖွဲ့ကာစကား​တွတ်​ထိုးကြသူများ မုန့့်​ခိုးစားသူနှင့်​ ဟိုဟိုသည်​သည်​​တွေး​ငေး​နေတတ်​ကြသူများသာ အများစုဖြစ်​သည်​။
အတန်း၏​မြောက်​ဘက်​ အရိပ်​အနည်းငယ်​သာရှိ​သော စိန်​ပန်းပင်​​အောက်​တွင်​​တော့ ကျောမှီကာထိုင်​ရင်း လက်​တစ်​ဖက်​ကစာအုပ်​ကိုင်​ကာကျန်​တစ်​ဖက်​မှာ လက်​ပိုက်​ထားဟန်​နှင့်​ စာအုပ်​ကို​ပေါက်​ထွက်​မတတ်​စိုက်​ကြည့်​ပြီး သွား​သေး​သေး​လေးများ​ပေါ်​အောင်​ပင်​အသံမထွက်​ပါဘဲ ပြုံးရွှင်​​နေသော​ကျောင်းသူတစ်​ဦး။ ​သေချာသည်​က​တော့ သူကိုင်​ထား​သောသိပ္ပံဖတ်​စာအုပ်​တွင်​ သူ့အားရယ်​​မောပြုံးရွှင်​​စေ​သော အ​ကြောင်းအရာသင်​ခန်းစာမပါ​ ပါ​လေ။
"​မေယွန်းစံ... နင့်​ကိုဆရာမခေါ်​နေတယ်​"
"အမ်​..."
"ဆရာမ​ဒေါ်ကြည်​ကြည်​က​ခေါ်​နေတာ
အခန်းထဲမှာရှိတယ်​ သွားလိုက်​ဦး"
  "အင်းအင်း"
ဒီ​နေ့ပိုင်​​လေးတို့​ရွာသူ​တွေ ​ခြေလျင်​​လျှောက်​လာရပုံ​ပေါ်သည်​။ယခု၈နာရီမိနစ်​၅၀ရှိသည်​အထိ
ကျောင်းသို့မ​ရောက်​လာ​သေး။အရင်​​နေ့များကဆိုလျှင်​သည်​အပင်​​အောက်​စာကျက်​​​နေရင်း
ပိုင်​​လေး​ကျောင်းအလာကို​စောင့်​ပြီးကြည့်​​နေကျ
ဖြစ်​သည်​။ပိုင်​​လေးအ​ကြောင်း​တွေးမိယုံနှင့်​ပင်​ ရင်​ခုန်​မှုကထိန်းလို့မရ။
စကတ်​​လေးများကိုပဲစွဲမြဲစွာဝတ်​တတ်​သူက မ​နေ့က​တော့ထူးထူးခြားခြား လုံခြည်​ဝတ်​လာမိ၍
စိတ်​အိုက်​​နေ​သော မျက်​နှာ​လေးမှာလည်းတစ်​မျိုး​လေးချစ်​ဖို့ကောင်း​နေသည်​။ ယ​နေ့​ရောဘယ်​လိုပုံစံ​လေးနှင့်​​ကျောင်းလာမလဲဆိုတာကို
တွေးမိပြီး ပြုံးနေမိသည်​မှာ အတန်း​ခေါင်း​ဆောင်​မြတ်​​လေးနွယ်​လာ​ခေါ်သည်​ကိုပင်​ သတိမထားမိတဲ့​အထိ စိတ်​ထဲတွင်​ပိုင်​​လေးက​နေရာယူထားသည်​။
အခု​တော့အတန်းပိုင်​​ဆရာမက​ခေါ်သည်​မို့သွားရဦးမည်​။ခန့်​မှန်းမိသမျှ​ပြောရလျှင်​​ အရင်အ​ပတ်​က ဘာသာအလိုက်​​ဖြေဆိုထား​တဲ့ ရလဒ်
အမှတ်​များ​ကြောင့်​ဖြစ်​မည်​ထင်​သည်​။လပတ်​စာ​မေးပွဲများ​ဖြေဆိုသည့်​အခါတိုင်း ကိုယ်သည်
အဆင့်​၁၊၂၊၃မဝင်​​သော်​လည်းtop tenထဲတွင်​​တော့အမြဲလိုလိုပါ​သည်​။အခုအပတ်​တွင်​​တော့မပါ​လောက်​​တော့။မ​နေ့က​ပြောပြ​သောအမှတ်​များအရ သင်္ချာစာတွင်​​အောင်​ရုံမျှသာ​အောင်​ပြီး အခြားဘာသာများတွင်​လည်းအမှတ်​များ​တော်​​တော်​​လေးကျသွားသည်​။အဲဒါ​တွေ​ကြောင့်​​ခေါ်ခြင်းဖြစ်​မည်​သာထင်​ပါသည်​။

You've reached the end of published parts.

⏰ Last updated: Aug 22, 2018 ⏰

Add this story to your Library to get notified about new parts!

First And Last Love Where stories live. Discover now