Without You-4

127 21 17
                                        

လွန်​ခဲ့တဲ့ နှစ်​လခန့်​ ....🍏

သူ​ပြောင်း​လာသော အ​ဆောင်​ကို မသိ​အောင်​တိတ်​တိတ်​​လေး သွားမလို့ ထွက်​လာခဲ့​ပေမဲ့ တိုက်​​ရှေ့မှာ ရပ်​​နေတဲ့သူ့​ကြောင့်​။

''​ဟေ့​ကောင်​ ဂျပု!''

တစ်​​နေရာကို ​ကြောင်​အအပုံစံနဲ့ ​ငေးကြည့်​​နေသည့်​ သူငယ်​ချင်းအပု​ကောင်​ကို ​နောက်​က​နေ ​ခေါ်ရင်း လှမ်းပုတ်​​တော့ ထင်​ထားသည့်​ အတိုင်းပင်​ ခပ်​စွာစွာအသံနဲ့ ပြန်​​အော်​သည်​။

''အာ... လန့်​လိုက်​တာ လမ်းသရဲ​ကောင်​ ''

''မင်းက ဘာ​တွေ​ငေး​နေတာလဲ ''

ကိုယ့်​ကိုယ်​ကို ဘာ​တွေ​တွေး​နေမှန်း​တောင်​ သတိမထားမိဘူးလား မသိ။ အူ​ကြောင်​​ကြောင်​နဲ့ ဘာမှမ​ဖြေပဲ လုပ်​​နေ​တော့ အင်္ကျီဂုတ်​ကဆွဲပြီး ကလပ်​ပဲ​ခေါ်လာခဲ့​တော့သည်​။ ဒီ​ကောင်​က စိတ်​ညစ်​ရင်​လည်း ​ကြောင်​​တောင်​​တောင်​ဖြစ်​တတ်​တယ်​။

ကလပ်​ထဲ ​ရောက်​​တော့ အသိတစ်​​ယောက်​ ​တွေ့တာနဲ့ သူ့ကိုတစ်​​ယောက်​ထဲ ထားခဲ့ပြီး ပြန်​လာ​တော့ သူကမရှိ​တော့ဘူး။

___________without_you______________

တစ်​လခွဲ​လောက်​ သူ​ပျောက်​သွားခဲ့တာ။

ပြန်​​တွေ့​တော့ အသိစိတ်​​ပျောက်​​နေတဲ့သူလိုမျိုး... တစ်​ခြားကမ္ဘာကလူလိုမျိုး...။ ကိုကိုတဲ့ သူ​ပြောတဲ့ကိုကိုဆိုတာ ဘယ်​သူမှန်းမသိတာ​ကြောင့်​ စုံစမ်းကြည့်​​ပေမဲ့ လွန်​ခဲ့တဲ့ ရက်​​တွေတုန်းကလည်း Tenက သတိ​မေ့​နေခဲ့တယ်​ဆိုတာပဲ သိခဲ့ရတယ်​။

အဲဒီ့ အ​တောအတွင်း...
မင်း...ဘယ်​လို​တွေဖြစ်​​နေခဲ့တာလဲ။

သတိရရချင်း ကိုကိုဆိုတဲ့လူကို ရှာ​နေခဲ့ပြီး ​ယောက်​ယပ်​ခတ်​​နေတဲ့ သူ့ပုံစံက ပြန်​မ​တွေးချင်​စရာ​ကောင်း​လောက်​​အောင်​ပဲ။

''Johnny မင်း ​ထောင်​ကဘယ်​အချိန်​လွတ်​လာတာလဲ''

သူ​မေးတဲ့ စကားကိုနားလည်​ဖို့ ​တော်​​တော်​အချိန်​ယူလိုက်​ရတယ်​။ သူ ဘာ​တွေ​ပြော​နေတာလဲ...။

Without You (HIATUS)Where stories live. Discover now