Without You-3

125 16 14
                                    

Johnny ကလည်း ရုတ်​တရက်​​ပျောက်​သွားပြီး သတင်းအစအနကလည်း မကြားရ။ တစ်​​ယောက်​ထဲပဲ ပိုပြီး ​လေလွင့်​ပျက်​စီးရင်း ... မ​မျှော်လင့်​ပဲ သူနဲ့​တွေ့ဆုံခဲ့တယ်​။

သူ...ဟိုတစ်​ခါ ​တွေ့ခဲ့ဖူးတဲ့သူကြီး။ မိုး​ရေထဲမှာ လဲကျ​နေရင်း သတိလစ်​​တော့မလို ဖြစ်​​နေတဲ့အချိန်​မှာ သူက ​တွေ့ခဲ့တာ။ ပြီး​တော့ သတိရလာ​တော့ သူ့အခန်းထဲက ခုတင်​​ပေါ်မှာ အိပ်​​နေလျက်​သား။ ဒီတိုင်း​လေးပဲ သူ့ဂရုစိုက်​မှု​တွေကို စွဲလန်းခဲ့မိတယ်​ ထင်​ပါရဲ့။

သူက နတ်​သား​လေးလိုပဲ ​ချောပြီး တကယ်​လည်းနတ်​သားလိုပဲ ကြင်​နာတတ်​တယ်​ထင်​တယ်​။

''မင်း သတိရလာပြီလား ''

သူ့အသံကလည်း ချိုသာတယ်​။ သူကျ​တော့ ဘာလို့အရာရာပြည့်​စုံ​နေပါလိမ့်​။

''ကိုယ့်​မျက်​နှာမှာ တစ်​ခုခု​ပေ​နေလို့လား ''

''မဟုတ်​...မဟုတ်​ပါဘူး...ဟို ​ကျေးဇူးပဲ''

''မလိုပါဘူး က​လေးရဲ့ ... ''

ခေါင်းကိုအသာဖွရင်း လူကြီးတစ်​​ယောက်​လိုပြုမူ​နေတဲ့ သူက ကျ​နော့်​ကို တကယ်​​ကြွေ​အောင်​လုပ်​နိုင်​တယ်​။ ​ယောကျာ်း​လေးတစ်​​ယောက်​ကို ​ကြွေ​နေမိတယ်​ဆို​တော့ ငါကရူးသွားပြီများလား။

''ကျ​နော်​... ခင်​များကို သ​ဘောကျတယ်​''

ရုတ်​တရုက်​ အံသြသွားတဲ့ သူ့မျက်​ဝန်း​တွေကို ခဏ​မေ့ထားရင်း သူ့နှုတ်​ခမ်းဆီသို့ ဦးတည်​မိရင်း။

_______________without_you____________

''ဘာ​တွေပြုံး​နေတာလဲ ''

''မင်းနဲ့ စ​တွေ့တုန်းက အချိန်​ကို​တွေးမိလို့ ...''

''ကျ​နော်​​လေ...ကိုကိုမရှိရင်​ မ​နေနိုင်​​တော့ဘူးထင်​တယ်​''

''အင်း...ကိုယ်​​ရောပဲ ''

ရင်​ခွင်​ထဲက သူ့ကိုဖက်​ထားရင်း... ။

''ကိုကို့ဆီကို ​ရောက်​လာမှ ကျ​နော်​ဘဝသစ်​က ပြန်​စလိုက်​သလိုပဲ ''

ငြိမ်​ပြီးနား​ထောင်​​နေတဲ့ ကိုကိုကမှ တကယ်​ကိုချစ်​ဖို့​ကောင်းတာ။ သူက ပြီးပြည့်​စုံတဲ့ရုပ်​ရည်​​ရော အရည်​အချင်း​တွေပါ ပိုင်​ဆိုင်​ထားတာ။ ပြီး​တော့ သူ့စိတ်​က ခန့်​မှန်းရခက်​တယ်​။

Without You (HIATUS)Where stories live. Discover now