Without You-2

171 19 9
                                    

လမ်းကြားထဲက ခပ်​​မှောင်​​မှောင်​ ​နေရာတစ်​ခုကိုယူရင်း စီးကရက်​ကို ခပ်​ပြင်းပြင်းရှိုက်​ဖွာရင်း...။ တစ်​ဖွဲဖွဲကျ​နေတဲ့ မိုးစက်​​တွေကို သူလျစ်​လျူရှူလိုက်​ရင်း...။

''Ten မင်းအိမ်​နဲ့​ရော အဆင်​​ပြေလား ''

အမှိုက်​ပုံ​ပေါ်မှာ တက်​ထိုင်​ရင်း သူ့လိုပဲ ​ဆေးလိပ်​ထိုင်​ဖွာ​နေတဲ့ ငရှုပ်​ Johnny ဆီက။

''ငါ့ကို မကြည်​ဖြူတဲ့ အိမ်​မှာ​နေရတာ အဆင်​​ပြေမယ်​လို့များ မင်း​တွေးမိလို့လား ''

''မင်းကလည်း အဆင်​​ပြေ​အောင်​​နေကြည့်​​ပေါ့ ''

တမင်​ စိတ်​ရှုပ်​​အောင်​ လာ​ပြော​နေတဲ့ ​ကောင်​ကို ​နောက်​က​နေ နားရင်းတစ်​ချက်​လှမ်းအုပ်​ရင်း။

''မင်းသာ မင်းမိ​ထွေးနဲ့တည့်​​အောင်​​နေ ''

သူ့ဆီကလည်း ဘာသံမှမကြားရ​တော့။ မိုးစက်​​တွေကို မျက်​နှာမူရင်း ခဏတာ ​အေးစက်​မှုကိုခံယူလိုက်​သည်​။ မိုးစက်​​တွေက တစ်​ဖွဲဖွဲကျ​နေရင်း ပိုသည်းသည့်​အဖြစ်​သို့ ​ရောက်​သည့်​တိုင်​ ဘာမှမလှုပ်​ပဲ နှစ်​​ကောင်​လုံးမိုးထဲမှာပဲ ထိုင်​​နေကြတာ။

''မင်း ဒီ​နေ့ Clubသွားဦးမှာလား ''

''ဒီ​နေ့မသွားဘူး မ​နေ့က ရန်​ဖြစ်​ထားလို့''

သူ​ပြောမှ ​သေချာကြည့်​ဖြစ်​​တော့ Johnnyမျက်​နှာမှာ အညိုအမဲ​တွေ​တောင်​ စွဲလို့။ တစ်ေ​ယာက်​ထဲရှိတဲ့ သူငယ်​ချင်းကို​တောင်​ ​သေချာဂရုမစိုက်​နိုင်​ဘူး။

''အဆင်​​ပြေလား ''

''ငါက အဆင်​မ​ပြေစရာလား ''

မိုး​တွေက ​တော်​​တော်​သည်း​နေပြီမို့ အမိုးအကာရှိတဲ့ ​နေရာထိ သွားပြီး ​ဆေးလိပ်​​သောက်​ရဦးမယ်​။ ​ကျောပိုးလွယ်​အိတ်​​တွေကို ​ကောက်​ယူပြီး သူ့ကို​ရှေ့က​နေ ​ပြေးခိုင်းတဲ့အထိ သူကတုပ်​တုပ်မလှုပ်​။

''ငါ​တော့ မ​သေချင်​​သေးဘူး​နော်​ မြန်​မြန်​သွား''

ပေပွ​နေတဲ့ ​ကျောင်းဝတ်​စုံ​တောင်​ မိုး​ရေ​တွေနဲ့ ထိပြီး သန့်​ရှင်းသွားသလို။ ဘတ်​စ်​ကားဂိတ်​ထိ အမြန်​​ပြေးပြီးမှ ကြွက်​စုတ်​​တွေလို ဖြစ်​​နေတဲ့ ကိုယ့်​ကိုယ်​ကို ပြန်​ကြည့်​ကြရင်း ရယ်​ကြရ​သေးတယ်​။

Without You (HIATUS)Where stories live. Discover now