TwentyFOUR °1°

3K 294 43
                                    


အထပ်​မြင့်​ ... မိုး​မျှော်​တိုက်​မှန်​ပြတင်းနားကပ်​၍ ... တစ်​မြို့လုံး၏ လှုပ်​ရှားသွားလာ​နေမှု သာယာ​သော မြင်​ကွင်းကို မြင်​​နေရ​သော်​လည်း ...

ပြတင်းနားတွင်​ ကပ်​၍ ရပ်​​နေ​သော ... လူတိုင်းအားကျ​လောက်​သည့်​ အရပ်​အ​မောင်းနှင့်​ ... ဖြူ​သောအသားအရည်​ကို လိုက်​ဘက်​ညီ​အောင်​ဝတ်​ဆင်​ထား​သော suitနှင့်​ ...
မျက်​နှာသွင်​ပြင်​သည်​လည်း တစ်​မူထူးခြားစွာ ဗွီရှိတ်​သဏ္ဋာန်​ရှိ​နေ​သော ​မေးရိုးရှည်​သွယ်​သွယ်​နှင့်​ ...
ထူထဲ​သော မျက်​ခုံးတန်းနှစ်​ခု ...

မျက်​လုံးများသည်​ ...​မြေပြင်​တွင်​ သွားလာ လှုပ်​ရှား​နေသည်​များကို ကြည့်​​နေပင်​မဲ့ စိတ်​ရှုပ်​​နေသည့်​ဟန်​ ...

ထိုမျက်​ခုံးတန်း နှစ်​ခုကိုထိစပ်​လုမတပ်​ ... မျက်​​မှောင်​ကြုတ်​ကာ ... စိတ်​ညစ်​ညူး ... စိတ်​ပျက်​မှုများစွာဖြင့်​ ... ရှိ​နေသည့်​အမူအယာများဖြင့်​ ...

အသက်​ကို ပြင်းစွားရှူထုတ်​​နေလိုက်​ရင်း ...

"ဟူး..."

ခေါင်းကို ဖြည်းညင်းစွာ ...တစ်​ခါခါဖြင့်​ ...

"ဒါ​တော့ ... မဟုတ်​​သေးဘူးထင်​တယ်​ ... Appa ... အင်း... မဟုတ်​​သေးတာ မဟုတ်​ဘူး ... မဖြစ်​နိုင်​တာ ... appa ... "

"သားရယ်​ ...မဖြစ်​နိုင်​ဘူးဆိုတာ မရှိပါဘူး ​လောကမှာ ... မဖြစ်​​သေးတာပဲရှိတယ်​ ..."

"No no ... မဖြစ်​နိုင်​ဘူး appa ... ဒါက​တော့ ... "

"သားကလည်း ကုမ္ပဏီ အတွက်​ ...​ အကျိုးရှိလာမဲ့တစ်​ခုပဲ​လေ ... ပြီး​တော့ ... "

အ​ဖေ ဖြစ်​သူ ဆက်​​ပြောလာမည့်​ စကားကို ... ဆက်​၍နား​ထောင်​​နေလိုက်​သည်​ ... မနား​ထောင်​ချင်​လည်း မရမက ... လိုက်​​ပြော​နေဦးမှာ သိ​နေ၍ ...

"မင်းပဲ ... ဟို​နေ့က မင်းအ​မေ ​မေး​တော့ ... လက်​ထပ်​ဖို့ အဆင့်​သင့်​ပါပဲဆို ..."

အ​ဖေ နှင့်​ မျက်​နှာချင်းဆိုင်​ ဆိုဖာ​ပေါ် ထိုင်​နေရင်းမှ ... ​နောက်​သို့ မှီချလိုက်​ပြီး ...
မျက်​လုံးများကို အ​ပေါ် မျက်​နှာကျက်​တွင်​ လှပတင့်​တယ်​စွာ စိန်​ပွင့်​ပုံစံရှိ​သော ... ​တန်​ဖိုးများစွာရှိ​နေ​​သော ... မီးဆိုင်းကြီးကို ကြည့်​​နေရင်းမှ ...

TwentyFOUR {SeKai}Where stories live. Discover now